Sunday, March 17, 2013

ဆန္ဒ

ယောင်ချာချာနဲ့ကျော်ဖြတ်ခဲ့တဲ့နေ့တွေ တွေးမနေတော့ဘူး အိပ်ပျော်ဖို့အားထုတ်ရတဲ့ညတွေ နောက်မရှိချင်တော့ဘူး မချောမွေ့တဲ့ ဘ၀ခရီးကိုလည်း ယိုးမယ်မဖွဲ့လိုပါ ရှေးဘ၀ အကျိုးပေးလို့ပဲ ယုံကြည်ထားသည် ကြုံတွေ့ခဲ့တဲ့ ကောင်းခြင်းဆိုးခြင်းတွေ လက်ခံ

Tuesday, March 12, 2013

မချိသွားဖြဲ

ပြုံးနေတဲ့  ကြယ်တာယာတွေ
ငါ့ကိုလှောင်လို့များ နေသလား
ပျော်နေတဲ့ငှက်ငယ်တွေ  ငါ့ကိုများကြည်စားနေသလား
လေပြေတွေက ငါ့ကိုကလိနေတယ်
ငါ့ရင်ထဲက မုန်တိုင်းထန်နေခဲ့တာကြောင့်
မချိသွားဖြဲတုန့်ပြန်နိုင်အောင်
ငါအများကြီးကြိုးစားထားနေရတယ်
အားအင်ချိနဲ့နေတဲ့ ငါ့ရဲ့စိတ်ကို
နင်ကောင်းချီးပေးလှည့်ပါ
အရာရာကို ကျော်ဖြတ်နိုင်ပါတယ်
နင်ငါ့လက်ကို ဆုပ်ကိုင်ထားရင်ပေါ့
ဖေါင်ဖြတ်ပြီး ခရီးနှင်ဖို့
ငါဘာကြောင့် ဆုံးဖြတ်ခဲ့သလဲ



Monday, March 11, 2013

စေရာ

ရူးရူးမူးမူးနဲ့ နင့်ကိုငါချစ်ခဲ့မိတယ်
ဒါကိုနင်သိပါတယ်
မျှော်လင့်မှုတွေ ကင်းမဲ့ခဲ့တယ်ဆိုတာလည်း
နင်သိပါတယ်
စိတ်ထွက်ပေါက်တစ်ခုလောက် ငါရချင်တယ်
ငါ့အချစ်တွေက နင့်အတွက်
အပေါစားတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်
ငါ့အတွက်ကတော့ တစ်ဘ၀လုံးစာစတေးလိုက်တာပါ
ငါ့ရဲ့ပေးဆပ်မှုဟာ နင့်အတွက်တော့
ဟာသတစ်ပုဒ်နဲ့တူချင်တူနေမယ်
ငါ့အတွက်တော့ သေလုမြောပါးဖြစ်နေခဲ့တယ်
ငါ့ရဲ့အလိုက်ကန်းဆိုးမသိတဲ့ ချစ်ခြင်းတွေက
နင့်ကိုခါးသည်းစေတယ်ဆိုရင်
ငါချိုမြိန်မှုကိုရှာဖွေပါ့မယ်-------နင့်ကိုချစ်တဲ့----ငါ----



Sunday, March 3, 2013

နေ့သစ်တွေ


အတူလျှောက်ခဲ့တဲ့ဒီလမ်းတွေ
အတူမျှော်လင့်တဲ့ ဒီမျှော်လင့်ချက်
နေ့သစ်တွေတိုင်းရဲ့ မနက်ဖြန်ကို
ခွန်အားတွေအပြည့်နဲ့
လက်တွေတွဲလို့
စိတ်ကူးအိမ်မက်တွေကိုယ်စီနဲ့
သစ်လွင်နေလိုက်ကြတဲ့ဒီအပြုံး
ခါးသည်းပါတယ်ဆိုတာတွေ အရည်ပျော်ကုန်ပြီ
ပေါက်လာသမျှဆူးတောင်တွေ အားလုံးရိုက်ချိုး
ကြယ်တာရာတွေကျဂါဝရပြုတဲ့ဒီနေ့သစ်တွေ
မင်းနဲ့ငါကလွဲလို့ ဘယ်သူပိုင်ဆိုင်မှာတဲ့လဲ+++++++++
++++++

သတိရမိတယ်

တချိန်က အဖြစ်တွေ
လျှောက်လည်ခဲ့ကြတယ်
ပျော်ခဲ့ကြတယ် နောက်...
နာကျင်မှုတွေလည်းရှိခဲ့ကြတယ်
ငိုခဲ့ကြတယ် ရယ်ခဲ့ကြတယ်....

မျှော်လင့်

စိတ်တွေလေလွင့်နေတယ်
ငိုချင်သလိုရယ်ချင်သလို ရူးကြောင်ကြောင်နဲ့
ဖေးမမှုကိုတမ်းတမျှော်လင့်
သည်းချေမရှိတဲ့ငါ မရှိခဲ့ဘူးတဲ့(ဒီအခြေအနေ)
မောပန်းနေပြီ ရေတစ်ခွက်လောက်တိုက်ပါဦး
ရှုတ်ထွေးနေပြီ ရှင်းပေးကြပါဦး
ငါအော်ဟစ်ပစ်ချင်တော့ (တလောကလုံးကြားအောင်)
မျှော်လင့်မိပါ၏ တချိန်ချိန်ကိုပေါ့
နားလည်မှု-----
စာနာမှု--------
---------