Tuesday, May 14, 2013

နိဒါန်းရဲ့နိဂုံး

 ဦးနှောက်ကို ခပ်ပြင်းပြင်းဆုံးမထားတယ်
သဲ့သဲ့ကြားနေတဲ့ ဒီအသံတွေ
မှုန်ဝါးပျက်ပြယ်စ အပိုင်းအစပုံပြင်တစ်ချို့
စိတ်ကိုဖွင့်လို့ ကြေလည်ရာရှာကြည့်တယ်
စပ်ပူစပ်လောင်နိုင်လှတဲ့အဖြစ်တွေက မျိုမကျ
ပန်းစကြာမှန်ပြောင်းနဲ့ ရင်ထဲကိုမြင်အောင်ကြည့်
ရွှန်းလက်လက်နဲ့ ၀ိညာဉ်ချင်းဆက်ထား
ဆူဝေနေတဲ့ နှလုံးသားရဲ့ တရစပ်စိန်ခေါ်မှုကြောင့်
မရေရာအနာဂတ်ရဲ့ ၀ိရောဓိအဖြစ်
အံချော်ခြင်းမရှိ အဟပ်ညီဖို့
နိဒါန်းရဲ့နိဂုံးကို ကာလစိမ်းစိုချင်ပါ၏။

No comments:

Post a Comment