Wednesday, June 26, 2013

သတိရခြင်း၏နောက်ကွယ်

လွမ်းဆွတ်စွာ မိုးတွေရွာချလိုက်တယ်
သြချလောက်ပါရဲ့ လွတ်ထွက်နေကြစိတ်တွေ
တရှိုက်မက်မက် နားစွင့်
ဖမ်းဆုပ်မိသလိုလို တိုးတိုးညင်းညင်းတုန်ခါလို့
စူးစူးတောင့်တောင့် ဝေါဟာရကို
ခပ်နက်နက်တူးဆွ
အငွေ့မသေတက်တဲ့ ဒီလွမ်းခြင်း
ဇစ်မြစ်ကို အတိအကျထုဆစ်ရင်
ဆည်းဆာရောင် မပြိုးပြက်နိုင်ခင်က
အဆိပ်အတက်ဆုံး ကာလရှည်ကြီးကြောင့်
နှလုံးသားတစ်ခု နိဋ္ဌိတံလုပြီ~~~~~