Tuesday, December 3, 2013

အချစ်​ကြယ်​စင်

ဆယ်​စုနှစ်​တစ်​ခုဝန်းကျင်​က​စလို့​ပေါ့

ငါ့ရင်​ထဲမှာ

ကြယ်​စင်​တစ်​လုံး

ပေါက်​ဖွားလာခဲ့တယ်

သူ့ကို အချစ်​ကြယ်​စင်​လို့

နာမည်​​ပေးထားတယ်

အဲဒီကြယ်​​စင်​လေးကို

ငါကိုယ်​တိုင်​အသက်​သွင်းခဲ့တယ်

ငါကိုယ်​တိုင်​ပဲ အ​ရောင်​တင်​ခဲ့တယ်

ငါကိုယ်​တိုင်​ပဲ ထွန်းလင်းစေခဲ့တယ်

အဲဒီကြယ်​​စင်​လေးအတွက်

ပင်​ပန်းခဲ့တယ်

ပျော်​ရွှင်​ခဲ့တယ်

အားတက်​ခဲ့တယ်

စိတ်​ဓာတ်​​တွေကျခဲ့တယ်

ပြောမပြတတ်​တဲ့ခံစားမှု​တွေရခဲ့တယ်

နာကျင်​ခဲ့ရတာ​တွေအကြိမ်​ကြိမ်​​ပေါ့

အဲဒီကြယ်​​စင်​လေးဟာ

ငါ့ရဲ့အနီးဆုံးမှာရှိလိုက်

အ​ဝေးကြီးကို​ရောက်​သွားလိုက်​နဲ့​ပေါ့

ငါ့ရဲ့​နေ့ရက်​​တွေဟာ သူဘ၀ဖြစ်​ခဲ့သလို

ငါ့ဘ၀တစ်​ခုလုံးနီးပါးကလည်း

သူ့ရဲ့​နေ့ရက်​​တွေဖြစ်​ကုန်​တယ်

ပူပြဲပြဲ​နေ​ရောင်​​တွေ​အောက်​​ရော

စိုရွှဲ​ရွှဲမိုး​ရေ​တွေ​အောက်​မှာ​ရော

အေးမြမြနှင်း​တောထဲမှာပါ

သူနဲ့အတူ​ဖြတ်​သန်းခဲ့ကြတယ်

သူဟာငါ့ရဲ့ဖန်​ဆင်းရှင်​လည်းဖြစ်​တယ်

ငါ့ရဲ့စစ်​ဦးစီးချုပ်​လည်းဖြစ်​တယ်

တစ်​ခါခါကြ​တော့ 

ကြောင်​ငယ်​​လေးတစ်​​ကောင်​ဖြစ်​သွားတယ်

တစ်​ခါခါကြ​တော့ ငါ့ကိုမာန်​ဖီတယ်

တစ်​ခါခါကြ​တော့

ငါ့ကိုပွတ်​သီးသက်ရှိပြန်​တယ်

သူဟာပန်းသီးတစ်​လုံးလည်းဖြစ်​ပြန်​တယ်

သူဟာသကြားလုံးလိုချိုပြီး 

ဆေးခါးကြီး​လောက်​လည်းခါးပြန်​တယ်

နွေ​ထွေးမှု​တွေ​ရှိ​ပေမယ့်

အေးစက်​မာကျောမှု​တွေလည်းရှိခဲ့တယ်

ဘယ်​လိုအ​ခြေအ​နေ

ဘယ်​လိုအချိန်​အခါပဲဖြစ်​ဖြစ်

သူဟာ ငါ​၏

ကြယ်​စင်​တစ်​စင်းသာလျှင်​ဖြစ်​၏

သူလင်းလက်​​နေသည်​ဖြစ်​​စေ 

မှေးမှိန်​​နေသည်​ဖြစ်​​စေ

ငါ၏ ကြယ်​စင်​တစ်​လုံးသာလျှင်​ဖြစ်၏