Sunday, December 3, 2017

ပြီးဆုံးသွားသောNovember


ကိန်းကြီးခန်းကြီးနဲ့ အစပြုခဲ့တဲ့ နိုဝင်ဘာ
တဖြေးဖြေးစိမ့်သွားလိုက်ပုံများ အနက်ရှိုင်းဆုံးအထိတိုင်ပဲ
အရိုးရှင်းဆုံး လှုတ်ခတ်မှုတွေကို
တစ်မျိုးတစ်မည် ကင်မွန်းတပ်ဖို့မကြိုးစားခဲ့သလို
ကွယ်ဝှက်ဖို့လည်း စိတ်ကူးမရှိခဲ့ဘူး
အဖြူရောင်သက်သက် တွယ်ငြိမှုတွေအတွက်
အရောင်မပါတာတော့အသေအချာပဲလေ
ကိုယ်စီရှိနေတဲ့ ကိုယ်ပိုင်နှလုံးသားတွေထက်
ပိုချိုမိန်တဲ့အရာ ဘယ်မှာရှိနိုင်မှာလဲ
ဖြစ်တည်မှု့ကို ကျေနပ်ပေမယ့်
လက်ခံဖို့လည်း မဝံ့မရဲ
တစ်စတစ်စတိုးလာတဲ့ခြေလှမ်းတွေနဲ့
သိုဝှက်မှု့နဲ့ သွေးတိုးစမ်းစကားလုံးများက
ရုပ်ကြွလာလို့
ကစားစရာတစ်ခုအဖြစ်ထုဆစ်ခြင်းကို
အပြင်းအထန် ငြင်းဆန်လိုက်တယ်
ဒီတစ်ခါသိလိုက်တာက 
ရိုးသားမှုနဲ့ယုံကြည့်မှုဆိုတာလူတိုင်းအတွက်မဟုတ်ဘူးဆိုတာပဲ
ထို့အတွက်ကြောင့် နိုဝင်ဘာရဲ့
စ လယ် ဆုံး ဖြစ်တည်မှုတိုင်းကို
အပီးတိုင်ဆွဲထုတ်ပစ်ဖို့ အားအင်အကုန်သုံးလိုက်တယ်

3/12/2017 2:49am