Tuesday, December 3, 2013
အချစ်​ကြယ်​စင်
ဆယ်​စုနှစ်​တစ်​ခုဝန်းကျင်​က​စလို့​ပေါ့
ငါ့ရင်​ထဲမှာ
ကြယ်​စင်​တစ်​လုံး
ပေါက်​ဖွားလာခဲ့တယ်
သူ့ကို အချစ်​ကြယ်​စင်​လို့
နာမည်​​ပေးထားတယ်
အဲဒီကြယ်​​စင်​လေးကို
ငါကိုယ်​တိုင်​အသက်​သွင်းခဲ့တယ်
ငါကိုယ်​တိုင်​ပဲ အ​ရောင်​တင်​ခဲ့တယ်
ငါကိုယ်​တိုင်​ပဲ ထွန်းလင်းစေခဲ့တယ်
အဲဒီကြယ်​​စင်​လေးအတွက်
ပင်​ပန်းခဲ့တယ်
ပျော်​ရွှင်​ခဲ့တယ်
အားတက်​ခဲ့တယ်
စိတ်​ဓာတ်​​တွေကျခဲ့တယ်
ပြောမပြတတ်​တဲ့ခံစားမှု​တွေရခဲ့တယ်
နာကျင်​ခဲ့ရတာ​တွေအကြိမ်​ကြိမ်​​ပေါ့
အဲဒီကြယ်​​စင်​လေးဟာ
ငါ့ရဲ့အနီးဆုံးမှာရှိလိုက်
အ​ဝေးကြီးကို​ရောက်​သွားလိုက်​နဲ့​ပေါ့
ငါ့ရဲ့​နေ့ရက်​​တွေဟာ သူဘ၀ဖြစ်​ခဲ့သလို
ငါ့ဘ၀တစ်​ခုလုံးနီးပါးကလည်း
သူ့ရဲ့​နေ့ရက်​​တွေဖြစ်​ကုန်​တယ်
ပူပြဲပြဲ​နေ​ရောင်​​တွေ​အောက်​​ရော
စိုရွှဲ​ရွှဲမိုး​ရေ​တွေ​အောက်​မှာ​ရော
အေးမြမြနှင်း​တောထဲမှာပါ
သူနဲ့အတူ​ဖြတ်​သန်းခဲ့ကြတယ်
သူဟာငါ့ရဲ့ဖန်​ဆင်းရှင်​လည်းဖြစ်​တယ်
ငါ့ရဲ့စစ်​ဦးစီးချုပ်​လည်းဖြစ်​တယ်
တစ်​ခါခါကြ​တော့ 
ကြောင်​ငယ်​​လေးတစ်​​ကောင်​ဖြစ်​သွားတယ်
တစ်​ခါခါကြ​တော့ ငါ့ကိုမာန်​ဖီတယ်
တစ်​ခါခါကြ​တော့
ငါ့ကိုပွတ်​သီးသက်ရှိပြန်​တယ်
သူဟာပန်းသီးတစ်​လုံးလည်းဖြစ်​ပြန်​တယ်
သူဟာသကြားလုံးလိုချိုပြီး 
ဆေးခါးကြီး​လောက်​လည်းခါးပြန်​တယ်
နွေ​ထွေးမှု​တွေ​ရှိ​ပေမယ့်
အေးစက်​မာကျောမှု​တွေလည်းရှိခဲ့တယ်
ဘယ်​လိုအ​ခြေအ​နေ
ဘယ်​လိုအချိန်​အခါပဲဖြစ်​ဖြစ်
သူဟာ ငါ​၏
ကြယ်​စင်​တစ်​စင်းသာလျှင်​ဖြစ်​၏
သူလင်းလက်​​နေသည်​ဖြစ်​​စေ 
မှေးမှိန်​​နေသည်​ဖြစ်​​စေ
ငါ၏ ကြယ်​စင်​တစ်​လုံးသာလျှင်​ဖြစ်၏
Thursday, November 28, 2013
မုန်​တိုင်းပြီး​နောက်​...
မိုးကြိုးမုန်​တိုင်း​တွေလာပြီး 
နောက်​တစ်​​နေ့မှာ
သက်​သက်​လွတ်​​ခေါက်​ဆွဲတစ်​ပွဲ အပီဆွဲပြီး
မ​ကျေလည်​မှု​တွေ အ​ကျေအလည်​ရှင်းလို့
အချစ်​၀ိုင်​ကို​သောက်​လို့ အစီအစဉ်​​တွေချ
မြို့ထဲကိုထွက်​ခဲ့တယ်
စတိုးဆိုင်​တစ်​ဆိုင်​က 
ခေါင်း​လျှော်​ရည် တစ်​ဘူး
မျက်​နှာသစ်​ တစ်​ဘူး
လက်​သည်းညှပ်​ဘာညာပါတာ တစ်​စုံ
မျက်​နှာသုတ်​တဘက်​ တစ်​ထည်
ပရုပ်​လုံး တစ်​ထုပ်
ဈေးထဲကိုတစ်​ပတ်​ပတ်​တယ်
 ဟို​ငေးဒီ​ငေးလုပ်​ပြီးပြန်​ထွက်​လို့
နောက်​တစ်​​နေရာကို ချီတက်​တယ်
ဂျင်း​ဘောင်​ဘီတစ်​ထည်​ရခဲ့တယ်
GIO မှာ
ဘောင်းဘီရှည်​ တစ်​ထည်
sport shirt နှစ်​ထည်
လက်​​ဆောင်​မက်​ပြီး ပိုက်​ဆံအိတ်​ နှစ်​လုံး
အပို​ဆောင်းလိုက်​တာ အိမ်​ကို​ပြေးလို့
သော့တစ်​လုံးရိုက်​ဖျက်​လိုက်​ရတယ်
အ​သေး​လေးလည်းလို​နေတာ​ကြောင့်
ရှစ်​ခုယူလိုက်​တယ်
ဗိုက်​ဖြည့်​ဖို့ မုန့်​ဟင်းခါးဆိုင်​ကိုဒိုး
စောင့်​လိုက်​ရတာမှ အကြာကြီး
အိမ်​ပြန်​​ရောက်​လို့ အပျင်းထူပြီး
ခွင့်​တိုင်​တစ်​​ကျော့ထွက်​ကြတယ်
အထုပ်​ကိုယ်စီ​နဲ့လမ်းခွဲ
အ​ဆောင်​မှာ​စောင့်​ပါ  ပြန်​လာမယ်
ည​ဈေးတန်းက ​ပေါက်​စီ တစ်​ပွဲ
ကြက်​​ခြေသုတ်​ ​လေး​ချောင်း
ဆေးကြက်​ဥ သုံးလုံး
ဆေးငုံးဥ ၂၀၀ဖိုး ပဲနို့ တစ်​ခွက်
အပီးသတ်​အဖြစ်​ ၀မ်းတီး ၀မ်းချာ
ဆက်​ပြီးအပျင်းထူလို့
သက်​ပျင်း​တွေအခါခါချ
အလွမ်းမိုး​တွေရွာချလိုက်​ပါသတည်းးး
Tuesday, November 19, 2013
္ပ့​တ​နေ့က???
အ​တွေးတိမ်​တိုက်​​တွေကို စီး​​မျောရင်း
စိတ်​မကပ်​တဲ့ကိုယ်​နဲ့ သွားလာလှုပ်​ရှားရင်း
ပြသနာ​တွေအကြီးကြီးဖြစ်​ကုန်​တယ်
အများနည်းတူပါပဲတဲ့
ဒီလိုသ​ဘောထား​တော့လည်း
ဒီလိုပဲမှတ်​လိုက်​ရ​အောင်
ကိုယ်​၀မ်းနာကိုယ်​သာသိသမို့
ဘာအထွန့်​မတတ်​​လို​တော့ဘူး
ရှင်​သန်​ခြင်းဆိုတာ မလွယ်​ကူလှ​ပေမယ့်
အပြီးတိုင်​ပျေက်​ကွယ်​သွားချင်​တယ်
ဆန္ဒ​​တွေ လိုအပ်​ချက်​​​တွေကို
မြောင်းထဲပစ်​ချလိုက်​ပီး ဗလာသက်​သက်​နဲ့
ရှေ့ဆက်​ကြမယ်​ဆိုရင်​ နာကျင်​မှု​တွေက
ဘယ်​လိုအကင်း​သေမှာလဲ
မြို့ပြရဲ့​နေ့ရက်​​တွေက မသာယာလှဘူး
ဆည်းဆာည​နေလည်း မှုန်​ကုတ်​ကုတ်​နဲ့
လေ​နေတဲ့စိတ်​ကို အား​ပေးအား​မြှောက်​လို့
နောက်​ဆုတ်​ဖို့​တော့လည်း 
ခြေ​အစုံကခွင့်​မပြုခဲ့ဘူး
လူသူ​လေးပါကင်းတဲ့
အသံဗလံ​တွေနဲ့​ဝေးရာမှာ
ခဏဖြစ်​ဖြစ်​​နေချင်​တယ်
Monday, November 4, 2013
စိတ်တွေ့တဲ့တစ်ညနေ
မှော်​၀င်​​နေတဲ့ တစ်​ည​နေခင်းက​ပေါ့
လေ​​ပြေစီး​ကြောင်းအတိုင်း
စီး​မြောလိုက်​ပါလာတဲ့
ဝိညာဉ်​​​တွေကခုန်​ကြပြီ
တိတ်​တဆိတ်​ကျင်းပတဲ့
ဇာတ်​၀င်​ခန်းတစ်​ခုကခမ်းနားလှပါဘိ
ဘ၀င်​​တွေ့လှတဲ့ ချစ်​ခြင်းရဲ့
အဆုံးဆိုတာမရှိစေဖို့
ကြယ်​​ကြွေတဲ့ညတွေတိုင်းလည်း
တောင်းဆုတွေ ပြုခဲ့ဖူး၏
ဘုရားတက်တိုင်းလည်း
ဆုတွေတောင်းမိနေသည်
တခါခါတော့
အလွမ်းသီချင်းတွေကိုကြိုက်မိ၏
ခပ်မှိန်မှိန် မျက်​၀န်းညိုညိုတစ်စုံမှာ
ထိန်းသိမ်းလို့မရတဲ့ ခံစားမှုတွေ
ဖတ်တတ်စေလိုသည်
Wednesday, October 9, 2013
ကိုယ်​တိုင်​​ရေး ကဗျာဂီတ
အာရုံခံစားတဲ့ ဒီဂီတရဲ့စည်းချက်​တိုင်းက
ငါ့ဟဒယကို အပြီးတိုင်​ဆွဲနှုတ်​တယ်
အမျှင်​တန်း​နေတဲ့ နှလုံးသားလည်း
သွေးစိမ်းရှင်​ရှင်​​တွေ ပန်းထွက်​တယ်
အမြင်​ကျဉ်းလှတဲ့ ​လောကထဲ
ဝိညာဉ်​​တွေက မကျွတ်​မလွတ်​နဲ့
ခပ်​ညံ့ညံ့ကဗျာတစ်​ပုဒ်​ကို
သံစဉ်​ထည့်​မိတဲ့ငါ့အတွက်
ပြစ်​ဒဏ်​ကကြီးတယ်
အိပ်​မ​ပျော်​တဲ့ ညတစ်​ညအဆုံးမှာ
နှင်းဆီ​ရောင် ​နံနက်​ခင်းက
ဝတ်​​ကျေတန်း​ကျေ ပြုံးပြတယ်
တိမ်​တွေက ငြင်းခုန်​လို့
မိုးအဖြစ်​ရွာချကုန်​ပြီ
ဒီသံသယအခန်းထဲကထွက်​ဖို့
ယုံကြည်​မှု​သော့တစ်​​ချောင်း
လက်​​ဆောင်​အဖြစ်​ယူပါ
ကြား​နေကြ ဒီဂီတကို
ငါ့ရင်​ဘတ်​ကြီးနှာ​စေးလာတိုင်း
ထိထိရှရှခံစားချင်​တယ်
Tuesday, August 27, 2013
တိမ်​ညိုပြိုတဲ့​နေ့၏အ​ပေါင်းထပ်​တူရ
တောက်​ပ​နေရင်း လျှက်​ပြက်​သလို
ပြိုကြလာတဲ့တိမ်​ဆိုင်​​တွေ
ထိန်းမရသိမ်းမနိုင်​ခဲ့
အနုပညာမဆန်သလို
နည်းပညာလည်းမမှန်​ခဲ့ဘူး
ဘဝကိုကျင်​လည်ရာမှာ
အ​ပေါင်းထပ်​တူရကိန်းတစ်​ခုလို
ပြိုစရာတိမ်​မကျန်​​တော့​အောင်​ 
ဒီ​နေ့အပီးသက်​ခဲ့ပါ
အစိုးမရလည်း​နေပါ​စေ
အကျိုးဆက်​အဖုအထစ်​​တွေကို
အ​ချောကိုင်​ဖို့ပြင်​ရင်းက
ဟိုး---ဟိုတွင်းနက်​ကြီးထဲမှာ
ဆူး​တောင်​​တွေ အထပ်​ထပ်​ထလို့
ရှိ​စေ​တော့လို့​တွေးရင်းနဲ့ကို
ရှင်​သန်​ချင်​တယ်
ညစ်​​ထေး​ထေးစိတ်​ကူးပွ​ယောင်း​ယောင်းကို
လက်​နှီးစုတ်​လုပ်​ပစ်​လို့
အဆူခံထိလည်း ငိုယုံ​ပေါ့
ဝမ်းနည်းခြင်းထက်​​တော့
သာတာ​သေချာတယ်
မျက်​​ရည်​ဆိုတာ ငို​ကြွေးခြင်းရဲ့သက်​​သေလို့
မ​ပြော​ကောင်းဘူးထင်​ပါရဲ့
အ​တွေးနက်​နက်​တူးဆွမိလို့
ကိစ္စကြီးငယ်​တိုင်းကို နံပါတ်​စဉ်​ထိုးလို့
မှတ်​တိုင်​အဖြစ်​စိုက်​ထူဖြစ်​ခဲ့ရင်
တစ်​​နေ့ပြန်​​ရေတွက်​မယ်
Wednesday, July 10, 2013
ပျော်​ပွဲစား
ပျော်​ပွဲစားတစ်​ခု ထွက်​ကြသည်
ထို​ပျော်​ပွဲစား၌ သင်​မပါဝင်​ခဲ့သလို
ကျွန်ုပ်​လည်းမပါခဲ့ပါ
မည်​သူမျှလည်းမပါဝင်​​ချေ
သို့​သော်​ ​တော်​​တော်​​ပျော်​ရွှင်​ခဲ့ပါ၏။
ကစားနည်း​တွေက များလှသည်
မော​မောပန်းပန်းနဲ့ စား​သောက်​ရင်း
ကခုန်​လို့​နေကြပြန်​ပြီ
ထော်​​လော်​က​န့်​လန့်​ပြောသူက​ပြော
ချိုသာစွာနမ်းသူကနမ်း
ဘီလူးရုပ်​နဲ
မင်းသားအိုက်​တင်​​ပေးသူက​ပေး
အဖြစ်​အပျက်​​တွေကို ထုပ်​ပိုးသူကထုပ်​ပိုး
ပျော်​ပွဲစားအလယ်​မှာ ဖြစ်​ချင်​တာ
အကုန်​ဖြစ်​နိုင်​​နေ​တော့
ဘာမှမသိလိုက်​ခင်​က
ကျွန်ုပ်​ပါ​ပျော်​ဝင်​စီး​မျော​နေသလို
သင်​လည်းစီး​မျော​နေပါသည်
လူးတိုင်းလည်းစီး​မျောလိုက်​ပါ​နေကြသည်​။
Wednesday, June 26, 2013
သတိရခြင်း၏နောက်ကွယ်
လွမ်းဆွတ်စွာ မိုးတွေရွာချလိုက်တယ်
သြချလောက်ပါရဲ့ လွတ်ထွက်နေကြစိတ်တွေ
တရှိုက်မက်မက် နားစွင့်
ဖမ်းဆုပ်မိသလိုလို တိုးတိုးညင်းညင်းတုန်ခါလို့
စူးစူးတောင့်တောင့် ဝေါဟာရကို
ခပ်နက်နက်တူးဆွ
အငွေ့မသေတက်တဲ့ ဒီလွမ်းခြင်း
ဇစ်မြစ်ကို အတိအကျထုဆစ်ရင်
ဆည်းဆာရောင် မပြိုးပြက်နိုင်ခင်က
အဆိပ်အတက်ဆုံး ကာလရှည်ကြီးကြောင့်
နှလုံးသားတစ်ခု နိဋ္ဌိတံလုပြီ~~~~~
Tuesday, May 21, 2013
စိတ်ကူးဋီကာ
စိတ်ကူးဋီကာဖွင့်လို့ ငေါင်စင်းစင်းနဲ့
ဦးနှောက်ကို အလုပ်ပေးထား
အတိတ်ဆီကို ထိထိရှရှစားမြုံ့ပြန်ရင်း
လှပကြွရွနေတဲ့ မြူးကြွကြွသံစဉ်တွေခုန်ထွက်
မဆိုတတ်ဆိုတတ်နဲ့ ငါအော်ဟစ်
ကတုန်ကရင်နဲ့ ခရီးနှင်
အနာဂတ်ချဉ်ခြင်းတွေ တရစပ်တက်ခဲ့
အာရုံကိုစုစည်းလို့ အတိတ်ပြည်ဖုံးကားချ
စိတ်တံခါးတစ်ချို့ ပိတ်ပစ်
ယတိပြတ်ဆုံးဖြတ်မှုကို အလုအယက်တွန်းတင်
ငြိုငြင်ခြင်းက တကဲကဲနဲ့ခြိမ်းခြောက်
တဆက်ဆက်တုန်ရင်း မသိကျိုးကျွန်ပြု
အမှောက်ပယောဂကို တွန်းလှန်ဖျက်ဆီး
မာနသရဖူကိုချွတ် ထိန်းမနိုင်သိမ်းနိုင်ဒူးတွေညွှတ်ကျ
စည်းကျဝါးကျ တစ်ဒုတ်ဒုတ်တုန်ခါမှုကို
ကောက်ကာငင်ကာအဖြေထုတ်လိုက်တယ်....................
Tuesday, May 14, 2013
နိဒါန်းရဲ့နိဂုံး
 ဦးနှောက်ကို ခပ်ပြင်းပြင်းဆုံးမထားတယ်
သဲ့သဲ့ကြားနေတဲ့ ဒီအသံတွေ
မှုန်ဝါးပျက်ပြယ်စ အပိုင်းအစပုံပြင်တစ်ချို့
စိတ်ကိုဖွင့်လို့ ကြေလည်ရာရှာကြည့်တယ်
စပ်ပူစပ်လောင်နိုင်လှတဲ့အဖြစ်တွေက မျိုမကျ
ပန်းစကြာမှန်ပြောင်းနဲ့ ရင်ထဲကိုမြင်အောင်ကြည့်
ရွှန်းလက်လက်နဲ့ ၀ိညာဉ်ချင်းဆက်ထား
ဆူဝေနေတဲ့ နှလုံးသားရဲ့ တရစပ်စိန်ခေါ်မှုကြောင့်
မရေရာအနာဂတ်ရဲ့ ၀ိရောဓိအဖြစ်
အံချော်ခြင်းမရှိ အဟပ်ညီဖို့
နိဒါန်းရဲ့နိဂုံးကို ကာလစိမ်းစိုချင်ပါ၏။
Sunday, March 17, 2013
ဆန္ဒ
ယောင်ချာချာနဲ့ကျော်ဖြတ်ခဲ့တဲ့နေ့တွေ တွေးမနေတော့ဘူး အိပ်ပျော်ဖို့အားထုတ်ရတဲ့ညတွေ နောက်မရှိချင်တော့ဘူး မချောမွေ့တဲ့ ဘ၀ခရီးကိုလည်း ယိုးမယ်မဖွဲ့လိုပါ ရှေးဘ၀ အကျိုးပေးလို့ပဲ ယုံကြည်ထားသည် ကြုံတွေ့ခဲ့တဲ့ ကောင်းခြင်းဆိုးခြင်းတွေ လက်ခံ
Tuesday, March 12, 2013
မချိသွားဖြဲ
ပြုံးနေတဲ့  ကြယ်တာယာတွေ
ငါ့ကိုလှောင်လို့များ နေသလား
ပျော်နေတဲ့ငှက်ငယ်တွေ  ငါ့ကိုများကြည်စားနေသလား
လေပြေတွေက ငါ့ကိုကလိနေတယ်
ငါ့ရင်ထဲက မုန်တိုင်းထန်နေခဲ့တာကြောင့်
မချိသွားဖြဲတုန့်ပြန်နိုင်အောင်
ငါအများကြီးကြိုးစားထားနေရတယ်
အားအင်ချိနဲ့နေတဲ့ ငါ့ရဲ့စိတ်ကို
နင်ကောင်းချီးပေးလှည့်ပါ
အရာရာကို ကျော်ဖြတ်နိုင်ပါတယ်
နင်ငါ့လက်ကို ဆုပ်ကိုင်ထားရင်ပေါ့
ဖေါင်ဖြတ်ပြီး ခရီးနှင်ဖို့
ငါဘာကြောင့် ဆုံးဖြတ်ခဲ့သလဲ
Monday, March 11, 2013
စေရာ
ရူးရူးမူးမူးနဲ့ နင့်ကိုငါချစ်ခဲ့မိတယ်
ဒါကိုနင်သိပါတယ်
မျှော်လင့်မှုတွေ ကင်းမဲ့ခဲ့တယ်ဆိုတာလည်း
နင်သိပါတယ်
စိတ်ထွက်ပေါက်တစ်ခုလောက် ငါရချင်တယ်
ငါ့အချစ်တွေက နင့်အတွက်
အပေါစားတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်
ငါ့အတွက်ကတော့ တစ်ဘ၀လုံးစာစတေးလိုက်တာပါ
ငါ့ရဲ့ပေးဆပ်မှုဟာ နင့်အတွက်တော့
ဟာသတစ်ပုဒ်နဲ့တူချင်တူနေမယ်
ငါ့အတွက်တော့ သေလုမြောပါးဖြစ်နေခဲ့တယ်
ငါ့ရဲ့အလိုက်ကန်းဆိုးမသိတဲ့ ချစ်ခြင်းတွေက
နင့်ကိုခါးသည်းစေတယ်ဆိုရင်
ငါချိုမြိန်မှုကိုရှာဖွေပါ့မယ်-------နင့်ကိုချစ်တဲ့----ငါ----
Sunday, March 3, 2013
နေ့သစ်တွေ
အတူလျှောက်ခဲ့တဲ့ဒီလမ်းတွေ
အတူမျှော်လင့်တဲ့ ဒီမျှော်လင့်ချက်
နေ့သစ်တွေတိုင်းရဲ့ မနက်ဖြန်ကို
ခွန်အားတွေအပြည့်နဲ့
လက်တွေတွဲလို့
စိတ်ကူးအိမ်မက်တွေကိုယ်စီနဲ့
သစ်လွင်နေလိုက်ကြတဲ့ဒီအပြုံး
ခါးသည်းပါတယ်ဆိုတာတွေ အရည်ပျော်ကုန်ပြီ
ပေါက်လာသမျှဆူးတောင်တွေ အားလုံးရိုက်ချိုး
ကြယ်တာရာတွေကျဂါဝရပြုတဲ့ဒီနေ့သစ်တွေ
မင်းနဲ့ငါကလွဲလို့ ဘယ်သူပိုင်ဆိုင်မှာတဲ့လဲ+++++++++
++++++
သတိရမိတယ်
တချိန်က အဖြစ်တွေ
လျှောက်လည်ခဲ့ကြတယ်
ပျော်ခဲ့ကြတယ် နောက်...
နာကျင်မှုတွေလည်းရှိခဲ့ကြတယ်
ငိုခဲ့ကြတယ် ရယ်ခဲ့ကြတယ်....
မျှော်လင့်
စိတ်တွေလေလွင့်နေတယ်
ငိုချင်သလိုရယ်ချင်သလို ရူးကြောင်ကြောင်နဲ့
ဖေးမမှုကိုတမ်းတမျှော်လင့်
သည်းချေမရှိတဲ့ငါ မရှိခဲ့ဘူးတဲ့(ဒီအခြေအနေ)
မောပန်းနေပြီ ရေတစ်ခွက်လောက်တိုက်ပါဦး
ရှုတ်ထွေးနေပြီ ရှင်းပေးကြပါဦး
ငါအော်ဟစ်ပစ်ချင်တော့ (တလောကလုံးကြားအောင်)
မျှော်လင့်မိပါ၏ တချိန်ချိန်ကိုပေါ့
နားလည်မှု-----
စာနာမှု--------
---------
Tuesday, February 26, 2013
အရိပ်နေနေအခက်ချိုးချိုး
ငယ်ငယ်ကကြားဖူးတယ်
နားလည်သလိုလိုပါပဲ
ဘဝမှာ ကြုံခဲ့ဖူးပြီ
ဒီအရိပ်ဟာ ကျိုးတို့ကျဲတဲပါ
အဲသလိုကြောင့်လား
ချိုးဖဲ့နေပြီ
အဆန်းတော့မဟုတ်ပေမယ့်
ကျင် သလိုတော့
အရှိသား။ ။
သူငယ်ချင်း
တစ်ယောက်ကိုတစ်ယောက်    ဖေးမ
တစ်ယောက်နဲ့တစ်ယောက်    နားလည်မှုတွေ
နာကျင်မှုဆိုတာမရှိ
အဆိုးအကောင်းတွေကို အတူကျော်ဖြတ်
ဘ၀တစ်ကွေ့ကိုရင်ဆိုင်ရင်း   တိုက်စားသွားတဲ့အချိန်ကြောင့်
ကိုယ့်လမ်းကိုဖေါက်
ကိုယ့်လမ်းကို လျှောက်နေလည်း------
ခိုင်မြဲတဲ့သံယောဇဉ်တွေနဲ့ပေါ့
Monday, February 25, 2013
အမြင်မတော်
အရာရာတိုင်းက ပြောင်းပြန်
အချိန်တွေ လှိုက်စား
သက်ရောက်မှုတွေ  ကျွမ်းထိုးကုန်ပြီ
ပုပ်ဆွေးနေတဲ့ ဒီအကျင့်ဆိုး
ဘုရားသခင်တောင်  မချွတ်နိုင်
အော်  ချိုမြိန်ပါသတဲ့------
ခံစားမှု--thanks
ဒီနေ့ဘာတွေဖြစ်နေမှန်းမသိ
သူရူးတစ်ယောက်နဲ့မခြား
လွင့်မျောနေလိုက်တာ
အကြောင်းပြချက်မဲ့
ဘ၀အမောတွေကြောင့်လား
နာကျင်နေလို့လား
ဘယ်လိုမှဆုံးဖြတ်လို့မရ
တောင်းဆိုမှုရဲ့ ရလဒ်အတွက်---thanks!