Tuesday, January 14, 2014

ညတစ်​ည၏ အမှတ်​♥၁၅

အုံကြွ​နေတဲ့လူ​တွေနဲ့အတူ

မှတ်​တိုင်​​တွေတစ်​ခုပြီးတစ်​ခုဖြတ်​ကာ

လိုရာခရီးကိုအပြင်းနှင်​တယ်

ဆွတ်​ဆွတ်​ဖြူတိမ်​တိုက်​ထက်​မှာ

ဝိုင်​ခွက်​ကိုယ်​စီနဲ့ ညပြာပြာတစ်​ညကို

TV အစီအစဉ်​တစ်​ခုနဲ့ အသက်​သွင်းတယ်

မှုန်​၀ါးဝါးပုံရိပ်​​တွေနဲ့

ငြိမ့်​​ငြိမ့်​​ညောင်း​ညောင်းစီး​မြောတယ်

အချိန်​​တွေက အမြန်​နှုန်းနှစ်​ဆနဲ့ကုန်​ဆုံးလို့

မိုး​သောက်​အ​ရောက်​​စော​စေတယ်

အိပ်​ရာကမထ​သေးတဲ့ မြို့ကြီးကိုကြည့်​ရင်း

ညတစ်​ညကို လွမ်းမိတယ်

မိုးစက်​​တွေဖြန်းပက်​ရင်း

အနံ့အသက်​တစ်​ချို့နဲ့ ​ကြေးမုံထက်​မှာ

မှတ်​ချက်​​တွေ အခါခါ​ရေးလိုက်​တယ်

မုန့်​ပွဲ​တွေက ​အေးစက်​စက်​​ပေမယ့်

ရာဇ၀င်​ကျန်​ခဲ့မှာမို့

အရသာထူးကဲ​နေပြန်​​ရော

တတယ်​​တော့ ဒါဟာအိပ်​မက်​မဟုတ်​ခဲ့ဘူး

တိတိပပရှိ​နေတဲ့

လက်​​ချောင်းထိပ်​ဖျား​တွေက

သက်​​သေ​တွေပဲ

No comments:

Post a Comment