အုံကြွနေတဲ့လူတွေနဲ့အတူ
မှတ်တိုင်တွေတစ်ခုပြီးတစ်ခုဖြတ်ကာ
လိုရာခရီးကိုအပြင်းနှင်တယ်
ဆွတ်ဆွတ်ဖြူတိမ်တိုက်ထက်မှာ
ဝိုင်ခွက်ကိုယ်စီနဲ့ ညပြာပြာတစ်ညကို
TV အစီအစဉ်တစ်ခုနဲ့ အသက်သွင်းတယ်
မှုန်ဝါးဝါးပုံရိပ်တွေနဲ့
ငြိမ့်ငြိမ့်ညောင်းညောင်းစီးမြောတယ်
အချိန်တွေက အမြန်နှုန်းနှစ်ဆနဲ့ကုန်ဆုံးလို့
မိုးသောက်အရောက်စောစေတယ်
အိပ်ရာကမထသေးတဲ့ မြို့ကြီးကိုကြည့်ရင်း
ညတစ်ညကို လွမ်းမိတယ်
မိုးစက်တွေဖြန်းပက်ရင်း
အနံ့အသက်တစ်ချို့နဲ့ ကြေးမုံထက်မှာ
မှတ်ချက်တွေ အခါခါရေးလိုက်တယ်
မုန့်ပွဲတွေက အေးစက်စက်ပေမယ့်
ရာဇ၀င်ကျန်ခဲ့မှာမို့
အရသာထူးကဲနေပြန်ရော
တတယ်တော့ ဒါဟာအိပ်မက်မဟုတ်ခဲ့ဘူး
တိတိပပရှိနေတဲ့
လက်ချောင်းထိပ်ဖျားတွေက
သက်သေတွေပဲ