အတွေးတိမ်တိုက်တွေကို စီးမျောရင်း
စိတ်မကပ်တဲ့ကိုယ်နဲ့ သွားလာလှုပ်ရှားရင်း
ပြသနာတွေအကြီးကြီးဖြစ်ကုန်တယ်
အများနည်းတူပါပဲတဲ့
ဒီလိုသဘောထားတော့လည်း
ဒီလိုပဲမှတ်လိုက်ရအောင်
ကိုယ်ဝမ်းနာကိုယ်သာသိသမို့
ဘာအထွန့်မတတ်လိုတော့ဘူး
ရှင်သန်ခြင်းဆိုတာ မလွယ်ကူလှပေမယ့်
အပြီးတိုင်ပျေက်ကွယ်သွားချင်တယ်
ဆန္ဒတွေ လိုအပ်ချက်တွေကို
မြောင်းထဲပစ်ချလိုက်ပီး ဗလာသက်သက်နဲ့
ရှေ့ဆက်ကြမယ်ဆိုရင် နာကျင်မှုတွေက
ဘယ်လိုအကင်းသေမှာလဲ
မြို့ပြရဲ့နေ့ရက်တွေက မသာယာလှဘူး
ဆည်းဆာညနေလည်း မှုန်ကုတ်ကုတ်နဲ့
လေနေတဲ့စိတ်ကို အားပေးအားမြှောက်လို့
နောက်ဆုတ်ဖို့တော့လည်း
ခြေအစုံကခွင့်မပြုခဲ့ဘူး
လူသူလေးပါကင်းတဲ့
အသံဗလံတွေနဲ့ဝေးရာမှာ
ခဏဖြစ်ဖြစ်နေချင်တယ်
No comments:
Post a Comment