အာရုံခံစားတဲ့ ဒီဂီတရဲ့စည်းချက်တိုင်းက
ငါ့ဟဒယကို အပြီးတိုင်ဆွဲနှုတ်တယ်
အမျှင်တန်းနေတဲ့ နှလုံးသားလည်း
သွေးစိမ်းရှင်ရှင်တွေ ပန်းထွက်တယ်
အမြင်ကျဉ်းလှတဲ့ လောကထဲ
ဝိညာဉ်တွေက မကျွတ်မလွတ်နဲ့
ခပ်ညံ့ညံ့ကဗျာတစ်ပုဒ်ကို
သံစဉ်ထည့်မိတဲ့ငါ့အတွက်
ပြစ်ဒဏ်ကကြီးတယ်
အိပ်မပျော်တဲ့ ညတစ်ညအဆုံးမှာ
နှင်းဆီရောင် နံနက်ခင်းက
ဝတ်ကျေတန်းကျေ ပြုံးပြတယ်
တိမ်တွေက ငြင်းခုန်လို့
မိုးအဖြစ်ရွာချကုန်ပြီ
ဒီသံသယအခန်းထဲကထွက်ဖို့
ယုံကြည်မှုသော့တစ်ချောင်း
လက်ဆောင်အဖြစ်ယူပါ
ကြားနေကြ ဒီဂီတကို
ငါ့ရင်ဘတ်ကြီးနှာစေးလာတိုင်း
ထိထိရှရှခံစားချင်တယ်