ပျော်ပွဲစားတစ်ခု ထွက်ကြသည်
ထိုပျော်ပွဲစား၌ သင်မပါဝင်ခဲ့သလို
ကျွန်ုပ်လည်းမပါခဲ့ပါ
မည်သူမျှလည်းမပါဝင်ချေ
သို့သော် တော်တော်ပျော်ရွှင်ခဲ့ပါ၏။
ကစားနည်းတွေက များလှသည်
မောမောပန်းပန်းနဲ့ စားသောက်ရင်း
ကခုန်လို့နေကြပြန်ပြီ
ထော်လော်ကန့်လန့်ပြောသူကပြော
ချိုသာစွာနမ်းသူကနမ်း
ဘီလူးရုပ်နဲ
မင်းသားအိုက်တင်ပေးသူကပေး
အဖြစ်အပျက်တွေကို ထုပ်ပိုးသူကထုပ်ပိုး
ပျော်ပွဲစားအလယ်မှာ ဖြစ်ချင်တာ
အကုန်ဖြစ်နိုင်နေတော့
ဘာမှမသိလိုက်ခင်က
ကျွန်ုပ်ပါပျော်ဝင်စီးမျောနေသလို
သင်လည်းစီးမျောနေပါသည်
လူးတိုင်းလည်းစီးမျောလိုက်ပါနေကြသည်။