Tuesday, January 14, 2014

ညတစ်​ည၏ အမှတ်​♥၁၅

အုံကြွ​နေတဲ့လူ​တွေနဲ့အတူ

မှတ်​တိုင်​​တွေတစ်​ခုပြီးတစ်​ခုဖြတ်​ကာ

လိုရာခရီးကိုအပြင်းနှင်​တယ်

ဆွတ်​ဆွတ်​ဖြူတိမ်​တိုက်​ထက်​မှာ

ဝိုင်​ခွက်​ကိုယ်​စီနဲ့ ညပြာပြာတစ်​ညကို

TV အစီအစဉ်​တစ်​ခုနဲ့ အသက်​သွင်းတယ်

မှုန်​၀ါးဝါးပုံရိပ်​​တွေနဲ့

ငြိမ့်​​ငြိမ့်​​ညောင်း​ညောင်းစီး​မြောတယ်

အချိန်​​တွေက အမြန်​နှုန်းနှစ်​ဆနဲ့ကုန်​ဆုံးလို့

မိုး​သောက်​အ​ရောက်​​စော​စေတယ်

အိပ်​ရာကမထ​သေးတဲ့ မြို့ကြီးကိုကြည့်​ရင်း

ညတစ်​ညကို လွမ်းမိတယ်

မိုးစက်​​တွေဖြန်းပက်​ရင်း

အနံ့အသက်​တစ်​ချို့နဲ့ ​ကြေးမုံထက်​မှာ

မှတ်​ချက်​​တွေ အခါခါ​ရေးလိုက်​တယ်

မုန့်​ပွဲ​တွေက ​အေးစက်​စက်​​ပေမယ့်

ရာဇ၀င်​ကျန်​ခဲ့မှာမို့

အရသာထူးကဲ​နေပြန်​​ရော

တတယ်​​တော့ ဒါဟာအိပ်​မက်​မဟုတ်​ခဲ့ဘူး

တိတိပပရှိ​နေတဲ့

လက်​​ချောင်းထိပ်​ဖျား​တွေက

သက်​​သေ​တွေပဲ

Monday, January 13, 2014

ကျန်​ခဲ့ချိန်

နှင်းမှုန်​ပွင့်​တဖွဲဖွဲကျ​နေသည်

အေးစိမ့်​စိမ့်​ရာသီနဲ့ ငါတစ်​​ယောက်​ထဲ

တစ်​ချိန်​လုံးသတိ​တွေရပြီး

ဝေ့​ဝေ့တက်​လာတဲ့ မျက်​ရည်​​တွေက

အလွမ်းသက်​​သေ​တွေ​ပေါ့

မိုး​တွေ​ဆွေ​နေတယ်​ ဆွတ်​စိုစိုနဲ

ငါတစ်​​ယောက်​ထဲ

ပူပြဲပြဲ​နေ​ရောင်​​အောက်​မှာ

မနားတမ်းသွားလာလို့ ငါတစ်​​ယောက်​ထဲ

ပေါ့စိမ့်​တစ်​ခွက်​ရဲ့အရသာက

ငါ့ကိုမဆွဲ​ဆောင်​နိုင်​​တော့ဘူး

လေဟာနယ်​လိုပါပဲ

ညညတိုင်းမက်​တဲ့ဒီအိပ်​မက်​က

စိတ်​အစွဲ​ကြောင့်​လား

ပြိုပျက်​လုနီးပါးဒီအ​ခြေအ​နေကို

ကုစားလှည့်​ပါ

မွှေးမြမြ နုညံ့မှုက အခုထိလက်​ဆတ်​​နေတယ်

မြင်​မြင်​သမျှတိုင်းက

ငါ့​ရောဂါကိုတိုး​စေတယ်



Tuesday, December 3, 2013

အချစ်​ကြယ်​စင်

ဆယ်​စုနှစ်​တစ်​ခုဝန်းကျင်​က​စလို့​ပေါ့

ငါ့ရင်​ထဲမှာ

ကြယ်​စင်​တစ်​လုံး

ပေါက်​ဖွားလာခဲ့တယ်

သူ့ကို အချစ်​ကြယ်​စင်​လို့

နာမည်​​ပေးထားတယ်

အဲဒီကြယ်​​စင်​လေးကို

ငါကိုယ်​တိုင်​အသက်​သွင်းခဲ့တယ်

ငါကိုယ်​တိုင်​ပဲ အ​ရောင်​တင်​ခဲ့တယ်

ငါကိုယ်​တိုင်​ပဲ ထွန်းလင်းစေခဲ့တယ်

အဲဒီကြယ်​​စင်​လေးအတွက်

ပင်​ပန်းခဲ့တယ်

ပျော်​ရွှင်​ခဲ့တယ်

အားတက်​ခဲ့တယ်

စိတ်​ဓာတ်​​တွေကျခဲ့တယ်

ပြောမပြတတ်​တဲ့ခံစားမှု​တွေရခဲ့တယ်

နာကျင်​ခဲ့ရတာ​တွေအကြိမ်​ကြိမ်​​ပေါ့

အဲဒီကြယ်​​စင်​လေးဟာ

ငါ့ရဲ့အနီးဆုံးမှာရှိလိုက်

အ​ဝေးကြီးကို​ရောက်​သွားလိုက်​နဲ့​ပေါ့

ငါ့ရဲ့​နေ့ရက်​​တွေဟာ သူဘ၀ဖြစ်​ခဲ့သလို

ငါ့ဘ၀တစ်​ခုလုံးနီးပါးကလည်း

သူ့ရဲ့​နေ့ရက်​​တွေဖြစ်​ကုန်​တယ်

ပူပြဲပြဲ​နေ​ရောင်​​တွေ​အောက်​​ရော

စိုရွှဲ​ရွှဲမိုး​ရေ​တွေ​အောက်​မှာ​ရော

အေးမြမြနှင်း​တောထဲမှာပါ

သူနဲ့အတူ​ဖြတ်​သန်းခဲ့ကြတယ်

သူဟာငါ့ရဲ့ဖန်​ဆင်းရှင်​လည်းဖြစ်​တယ်

ငါ့ရဲ့စစ်​ဦးစီးချုပ်​လည်းဖြစ်​တယ်

တစ်​ခါခါကြ​တော့ 

ကြောင်​ငယ်​​လေးတစ်​​ကောင်​ဖြစ်​သွားတယ်

တစ်​ခါခါကြ​တော့ ငါ့ကိုမာန်​ဖီတယ်

တစ်​ခါခါကြ​တော့

ငါ့ကိုပွတ်​သီးသက်ရှိပြန်​တယ်

သူဟာပန်းသီးတစ်​လုံးလည်းဖြစ်​ပြန်​တယ်

သူဟာသကြားလုံးလိုချိုပြီး 

ဆေးခါးကြီး​လောက်​လည်းခါးပြန်​တယ်

နွေ​ထွေးမှု​တွေ​ရှိ​ပေမယ့်

အေးစက်​မာကျောမှု​တွေလည်းရှိခဲ့တယ်

ဘယ်​လိုအ​ခြေအ​နေ

ဘယ်​လိုအချိန်​အခါပဲဖြစ်​ဖြစ်

သူဟာ ငါ​၏

ကြယ်​စင်​တစ်​စင်းသာလျှင်​ဖြစ်​၏

သူလင်းလက်​​နေသည်​ဖြစ်​​စေ 

မှေးမှိန်​​နေသည်​ဖြစ်​​စေ

ငါ၏ ကြယ်​စင်​တစ်​လုံးသာလျှင်​ဖြစ်၏

Thursday, November 28, 2013

မုန်​တိုင်းပြီး​နောက်​...

မိုးကြိုးမုန်​တိုင်း​တွေလာပြီး 

နောက်​တစ်​​နေ့မှာ

သက်​သက်​လွတ်​​ခေါက်​ဆွဲတစ်​ပွဲ အပီဆွဲပြီး

မ​ကျေလည်​မှု​တွေ အ​ကျေအလည်​ရှင်းလို့

အချစ်​၀ိုင်​ကို​သောက်​လို့ အစီအစဉ်​​တွေချ

မြို့ထဲကိုထွက်​ခဲ့တယ်

စတိုးဆိုင်​တစ်​ဆိုင်​က 

ခေါင်း​လျှော်​ရည် တစ်​ဘူး

မျက်​နှာသစ်​ တစ်​ဘူး

လက်​သည်းညှပ်​ဘာညာပါတာ တစ်​စုံ

မျက်​နှာသုတ်​တဘက်​ တစ်​ထည်

ပရုပ်​လုံး တစ်​ထုပ်

ဈေးထဲကိုတစ်​ပတ်​ပတ်​တယ်

 ဟို​ငေးဒီ​ငေးလုပ်​ပြီးပြန်​ထွက်​လို့

နောက်​တစ်​​နေရာကို ချီတက်​တယ်

ဂျင်း​ဘောင်​ဘီတစ်​ထည်​ရခဲ့တယ်

GIO မှာ

ဘောင်းဘီရှည်​ တစ်​ထည်

sport shirt နှစ်​ထည်

လက်​​ဆောင်​မက်​ပြီး ပိုက်​ဆံအိတ်​ နှစ်​လုံး

အပို​ဆောင်းလိုက်​တာ အိမ်​ကို​ပြေးလို့

သော့တစ်​လုံးရိုက်​ဖျက်​လိုက်​ရတယ်

အ​သေး​လေးလည်းလို​နေတာ​ကြောင့်

ရှစ်​ခုယူလိုက်​တယ်

ဗိုက်​ဖြည့်​ဖို့ မုန့်​ဟင်းခါးဆိုင်​ကိုဒိုး

စောင့်​လိုက်​ရတာမှ အကြာကြီး

အိမ်​ပြန်​​ရောက်​လို့ အပျင်းထူပြီး

ခွင့်​တိုင်​တစ်​​ကျော့ထွက်​ကြတယ်

အထုပ်​ကိုယ်စီ​နဲ့လမ်းခွဲ

အ​ဆောင်​မှာ​စောင့်​ပါ  ပြန်​လာမယ်

ည​ဈေးတန်းက ​ပေါက်​စီ တစ်​ပွဲ

ကြက်​​ခြေသုတ်​ ​လေး​ချောင်း

ဆေးကြက်​ဥ သုံးလုံး

ဆေးငုံးဥ ၂၀၀ဖိုး ပဲနို့ တစ်​ခွက်

အပီးသတ်​အဖြစ်​ ၀မ်းတီး ၀မ်းချာ

ဆက်​ပြီးအပျင်းထူလို့

သက်​ပျင်း​တွေအခါခါချ

အလွမ်းမိုး​တွေရွာချလိုက်​ပါသတည်းးး

Tuesday, November 19, 2013

္ပ့​တ​နေ့က???

အ​တွေးတိမ်​တိုက်​​တွေကို စီး​​မျောရင်း

စိတ်​မကပ်​တဲ့ကိုယ်​နဲ့ သွားလာလှုပ်​ရှားရင်း

ပြသနာ​တွေအကြီးကြီးဖြစ်​ကုန်​တယ်

အများနည်းတူပါပဲတဲ့

ဒီလိုသ​ဘောထား​တော့လည်း

ဒီလိုပဲမှတ်​လိုက်​ရ​အောင်

ကိုယ်​၀မ်းနာကိုယ်​သာသိသမို့

ဘာအထွန့်​မတတ်​​လို​တော့ဘူး

ရှင်​သန်​ခြင်းဆိုတာ မလွယ်​ကူလှ​ပေမယ့်

အပြီးတိုင်​ပျေက်​ကွယ်​သွားချင်​တယ်

ဆန္ဒ​​တွေ လိုအပ်​ချက်​​​တွေကို

မြောင်းထဲပစ်​ချလိုက်​ပီး ဗလာသက်​သက်​နဲ့

ရှေ့ဆက်​ကြမယ်​ဆိုရင်​ နာကျင်​မှု​တွေက

ဘယ်​လိုအကင်း​သေမှာလဲ

မြို့ပြရဲ့​နေ့ရက်​​တွေက မသာယာလှဘူး

ဆည်းဆာည​နေလည်း မှုန်​ကုတ်​ကုတ်​နဲ့

လေ​နေတဲ့စိတ်​ကို အား​ပေးအား​မြှောက်​လို့

နောက်​ဆုတ်​ဖို့​တော့လည်း 

ခြေ​အစုံကခွင့်​မပြုခဲ့ဘူး

လူသူ​လေးပါကင်းတဲ့

အသံဗလံ​တွေနဲ့​ဝေးရာမှာ

ခဏဖြစ်​ဖြစ်​​နေချင်​တယ်

Monday, November 4, 2013

စိတ်တွေ့တဲ့တစ်ညနေ

မှော်​၀င်​​နေတဲ့ တစ်​ည​နေခင်းက​ပေါ့

လေ​​ပြေစီး​ကြောင်းအတိုင်း

စီး​မြောလိုက်​ပါလာတဲ့

ဝိညာဉ်​​​တွေကခုန်​ကြပြီ

တိတ်​တဆိတ်​ကျင်းပတဲ့

ဇာတ်​၀င်​ခန်းတစ်​ခုကခမ်းနားလှပါဘိ

ဘ၀င်​​တွေ့လှတဲ့ ချစ်​ခြင်းရဲ့

အဆုံးဆိုတာမရှိစေဖို့

ကြယ်​​ကြွေတဲ့ညတွေတိုင်းလည်း

တောင်းဆုတွေ ပြုခဲ့ဖူး၏

ဘုရားတက်တိုင်းလည်း

ဆုတွေတောင်းမိနေသည်

တခါခါတော့

အလွမ်းသီချင်းတွေကိုကြိုက်မိ၏

ခပ်မှိန်မှိန် မျက်​၀န်းညိုညိုတစ်စုံမှာ

ထိန်းသိမ်းလို့မရတဲ့ ခံစားမှုတွေ

ဖတ်တတ်စေလိုသည်




Wednesday, October 9, 2013

ကိုယ်​တိုင်​​ရေး ကဗျာဂီတ

အာရုံခံစားတဲ့ ဒီဂီတရဲ့စည်းချက်​တိုင်းက

ငါ့ဟဒယကို အပြီးတိုင်​ဆွဲနှုတ်​တယ်

အမျှင်​တန်း​နေတဲ့ နှလုံးသားလည်း

သွေးစိမ်းရှင်​ရှင်​​တွေ ပန်းထွက်​တယ်

အမြင်​ကျဉ်းလှတဲ့ ​လောကထဲ

ဝိညာဉ်​​တွေက မကျွတ်​မလွတ်​နဲ့

ခပ်​ညံ့ညံ့ကဗျာတစ်​ပုဒ်​ကို

သံစဉ်​ထည့်​မိတဲ့ငါ့အတွက်

ပြစ်​ဒဏ်​ကကြီးတယ်

အိပ်​မ​ပျော်​တဲ့ ညတစ်​ညအဆုံးမှာ

နှင်းဆီ​ရောင် ​နံနက်​ခင်းက

ဝတ်​​ကျေတန်း​ကျေ ပြုံးပြတယ်

တိမ်​တွေက ငြင်းခုန်​လို့

မိုးအဖြစ်​ရွာချကုန်​ပြီ

ဒီသံသယအခန်းထဲကထွက်​ဖို့

ယုံကြည်​မှု​သော့တစ်​​ချောင်း

လက်​​ဆောင်​အဖြစ်​ယူပါ

ကြား​နေကြ ဒီဂီတကို

ငါ့ရင်​ဘတ်​ကြီးနှာ​စေးလာတိုင်း

ထိထိရှရှခံစားချင်​တယ်