စိတ်ကူးဋီကာဖွင့်လို့ ငေါင်စင်းစင်းနဲ့
ဦးနှောက်ကို အလုပ်ပေးထား
အတိတ်ဆီကို ထိထိရှရှစားမြုံ့ပြန်ရင်း
လှပကြွရွနေတဲ့ မြူးကြွကြွသံစဉ်တွေခုန်ထွက်
မဆိုတတ်ဆိုတတ်နဲ့ ငါအော်ဟစ်
ကတုန်ကရင်နဲ့ ခရီးနှင်
အနာဂတ်ချဉ်ခြင်းတွေ တရစပ်တက်ခဲ့
အာရုံကိုစုစည်းလို့ အတိတ်ပြည်ဖုံးကားချ
စိတ်တံခါးတစ်ချို့ ပိတ်ပစ်
ယတိပြတ်ဆုံးဖြတ်မှုကို အလုအယက်တွန်းတင်
ငြိုငြင်ခြင်းက တကဲကဲနဲ့ခြိမ်းခြောက်
တဆက်ဆက်တုန်ရင်း မသိကျိုးကျွန်ပြု
အမှောက်ပယောဂကို တွန်းလှန်ဖျက်ဆီး
မာနသရဖူကိုချွတ် ထိန်းမနိုင်သိမ်းနိုင်ဒူးတွေညွှတ်ကျ
စည်းကျဝါးကျ တစ်ဒုတ်ဒုတ်တုန်ခါမှုကို
ကောက်ကာငင်ကာအဖြေထုတ်လိုက်တယ်....................
No comments:
Post a Comment