Wednesday, April 30, 2014

ဝမ်းနည်းခြင်း

မထင်​ခဲ့ဘူး ဘယ်​လိုမှကိုမထင်​ခဲ့တာပါ

ချစ်​တဲ့သူနှစ်​​ယောက်​ဆုံ​နေပါလျှက်

ဘာ​ကြောင့်​များလဲကွယ်

ခက်​​တော့လည်းအခက်​သားပါလား

အချစ်​နဲ့ဘ၀ဟာ

ဒီ​လောက်​​တောင်​ပြင်းထန်​ရသတဲ့လား

ငါ​နေ့တိုင်းငို​နေရပါပြီ

ငါ့စိတ်​​တွေ​အောက်​ဆုံး​ရောက်​​နေပြီ

မင်းအတွက်​ငါဘာမှမတတ်​နိုင်​ဘူးလား

ငါအဲဒီအ​ခြေအ​နေ​တွေကိုမုန်းတယ်

ငါဟာနင့်​အတွက်​ဘာမှလုပ်​မ​ပေးနိုင်​ရင်

နင့်​အနားဘာလုပ်​ဖို့မျာရှိ​နေတာလဲ

နင်​​ရောစိတ်​​ကျေနပ်​နိုင်​မှာလား

ဒါ​ပေမယ့်

ငါတို့အဆင်​​ပြေမယ်​ထင်​လို့

ဆုံးဖြတ်​ခဲ့ကြတယ်

ငါ​နောင်​တရ​နေတယ်​လို့မထင်​ပါနဲ့

ငါဝမ်းနည်း​နေတာပါ

ကိုယ်​ချစ်​တဲ့လူတစ်​​ယောက်​ကို

ဘာမှမလုပ်​​ပေးနိုင်​တဲ့အတွက်

ဝမ်းနည်းရတယ်

 သူစိမ်းတစ်​​ယောက်​က​ဖေးမ​နေတာကို

မြင်​ရကြားရတာလည်းအသည်းနာတယ်

ကိုယ့်​ကိုကိုယ်​စိတ်​နာတယ်

No comments:

Post a Comment