မင်းစဉ်းစားနိုင်လွန်းတာ အဲလောက်ပဲလားတဲ့
အားတယ်ထင်တဲ့အချိန်တွေမှာလုပ်စရာတွေဗာဟီရတွေကများပါသတဲ့
ငါလည်းစဉ်းစားပီပြောပီးမှပြောလိုက်တာပါ
အော်
တကယ်ပါပဲ တော်၂ကိုမသိတတ်တဲ့ငါပေါ့
ငါ့ကိုတုန်းကဘယ်အချိန်ဖြစ်ဖြစ် အဆင်သင့်ပါ
ဒါကိုငါကျေနပ်ခဲ့တယ်
ငါလည်းအလုပ်တော့လုပ်ဖူးပါတယ်
မင်းလိုအဆင့်မြင့်ကြီးတော့မဟုတ်ဘူးပေါ့
မင်ပင်ပန်းသလို ငါလည်းပင်ပန်းခဲ့တာပါပဲ
ဒါပေမယ်ငါကျေနပ်ပီးပျော်နေမိတယ်
ငါ့ရင်ကိုဘာ့လို့မမြင်ရတာလဲ
ငါဟာနားတစ်ဖက်ဖောက်ချင်ဖောက်မယ်
အတတ်နိုင်ဆုံးတော့မင်အတွက်
မင်းရင်ကိုအရင်ကြည့်ခဲ့တာပါ
ငါဘာတွေမှားနေတာလဲ
ငါဘာများမှားနေလို့လဲ
ငါတကယ်မင်းဖက်ကိုတွေးခဲ့ပါတယ်
ငါမင်းနဲ့ပက်သတ်တာဘာမဆိုအလေးထားခဲ့တယ်
တန်ဖိုးထားခဲ့တယ်
ကျေနပ်ခဲ့တယ်
မင်းဘာလို့ငါ့ကိုနားမလည်တာလဲ
မင်းဘာလို့ငါ့ကိုမယုံရတာလဲ
ဒါလောက်တောင်ငါကပြောလို့မရဘူးလား
အင်းပါ
နောက်ဆိုမပြောတော့ဘူး
နေနိုင်အောင်နေမယ်
နေနိုင်အောင်နေရမယ်
အဲဒီအခါကြရင်တော့နောက်တမျိုးမပြောပါနဲ့တော့
ငါမှာမင်းပြင်တဲ့ပုံစံတွေအမျိုးမျိုးပြောင်းခဲ့ရလို့
ငါပုံစံတွေပျောက်ခဲ့ရတာအကြိမ်ကြိမ်ပဲ
မင်းကိုချစ်တယ်
ဒါပေမယ်ဒီတခါတော့ငါပုံစံကိုသာကိုယ်တိုင်ထုဆစ်တော့မယ်
Saturday, December 13, 2014
,,^-^,,!!!!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment