Friday, May 2, 2014

-----------

ငါ​နေ့တိုင်းပဲငို​နေရပါပြီ

တ​နေ့တခြားကို​ပြောင်းလဲလာတာပဲ

အခုအချိန်​မှာဒီ​လေသံမျိုးထွက်​နိုင်​​နေပြီပဲ

ငါတကယ်​ကိုဝန်းနည်းမိတယ်

အဲသ​လောက်​​ပြောင်းလဲလာမယ်​လို့မထင်​မိဘူး

မင်းကိုယုံကြည်​လို့လုပ်​ခဲ့တာ​တွေကြီးပါပဲ

တကယ်​ကိုမထင်​မိဘူး

အရမ်းကိုဝမ်းနည်းရတယ်

နင်လုပ်​သမျှကိုငါ မသိသလိုပဲ​နေပါ​တော့မယ်

ငါတို့​တွေကဘာ​တွေလဲဆိုတာနင်​ကိုပြန်​​မေးချင်​တယ်

နင်​​တော်​​တော်​​ပြောင်းလဲသွားပြီ

အဲဒါကို နင်​ကိုယ်​တိုင်​မသိ​သေးရင်​​တောင်​ ​ဘေးကငါသိတယ်

နင်​အရင်​လိုမဟုတ်​​တော့ဘူး

ငါငို​နေတယ်

နေ့တိုင်​လည်းငိုရ​တော့မယ်​ ငါသိလိုက်​ပြီ

ငါအရမ်းလည်း​ကြောက်​တယ်

အရမ်းလည်းဝမ်းနည်းတယ်

အခုအချိန်​မှာငို​ဖို့ပဲတတ်​နိုင်​တယ်

Wednesday, April 30, 2014

ဝမ်းနည်းခြင်း

မထင်​ခဲ့ဘူး ဘယ်​လိုမှကိုမထင်​ခဲ့တာပါ

ချစ်​တဲ့သူနှစ်​​ယောက်​ဆုံ​နေပါလျှက်

ဘာ​ကြောင့်​များလဲကွယ်

ခက်​​တော့လည်းအခက်​သားပါလား

အချစ်​နဲ့ဘ၀ဟာ

ဒီ​လောက်​​တောင်​ပြင်းထန်​ရသတဲ့လား

ငါ​နေ့တိုင်းငို​နေရပါပြီ

ငါ့စိတ်​​တွေ​အောက်​ဆုံး​ရောက်​​နေပြီ

မင်းအတွက်​ငါဘာမှမတတ်​နိုင်​ဘူးလား

ငါအဲဒီအ​ခြေအ​နေ​တွေကိုမုန်းတယ်

ငါဟာနင့်​အတွက်​ဘာမှလုပ်​မ​ပေးနိုင်​ရင်

နင့်​အနားဘာလုပ်​ဖို့မျာရှိ​နေတာလဲ

နင်​​ရောစိတ်​​ကျေနပ်​နိုင်​မှာလား

ဒါ​ပေမယ့်

ငါတို့အဆင်​​ပြေမယ်​ထင်​လို့

ဆုံးဖြတ်​ခဲ့ကြတယ်

ငါ​နောင်​တရ​နေတယ်​လို့မထင်​ပါနဲ့

ငါဝမ်းနည်း​နေတာပါ

ကိုယ်​ချစ်​တဲ့လူတစ်​​ယောက်​ကို

ဘာမှမလုပ်​​ပေးနိုင်​တဲ့အတွက်

ဝမ်းနည်းရတယ်

 သူစိမ်းတစ်​​ယောက်​က​ဖေးမ​နေတာကို

မြင်​ရကြားရတာလည်းအသည်းနာတယ်

ကိုယ့်​ကိုကိုယ်​စိတ်​နာတယ်

အနီးဆုံးနဲ့​ဝေးကွာခြင်း

တစ်​ချိန်​က​မျှော်​လင့်​ချက်​​တွေအားလုံးဟာ

မျှော်​လင့်​ချက်​သက်​သက်​သာဖြစ်​ကုန်​၏

သိပ်​ချစ်​တယ်​ဆိုတဲ့လူ​တွေ အတူတူရှိ​နေပြီး

အ​ဝေးဆုံးကို​ရောက်​​နေတယ်

ဒါ​တွေဟာဖန်​တီးခဲ့ကြတာ​တော့လည်း

မပြန်​ဘူး​ပေါ့

တကယ်​​တော့ ​ကျောခြင်းကပ်​​နေသလိုပါပဲ

နီး​တော့နီးတယ်

တစ်​​ယောက်​ကိုတစ်​​ယောက်​မမြင်​ကြဘူး

ကိုယ်​​ငွေ့ကိုယ်​စီရ​နေတယ်

ထွေး​ပွေ့ခွင့်​မရှိဘူး

တော်​​တော်​ရင်​နာစရာပဲ

အစက​တော့အဲသလိုဖြစ်​လို့ ပြင်​ဆင်​တာတဲ့​လေ

အခုကပိုလို့​တောင်​ရင်​နာရဦးမှာပါလား

တစ်​သက်​လုံး အနီးဆုံးနဲ့​ဝေးကွာရ​တော့မည်

Sunday, April 27, 2014

ပြောင်းလဲခြင်းနှင့်

ပြောင်းလဲခြင်း​တွေစတင်​​နေ​လေသလားပဲ

ဝမ်းနည်း​နေလည်းပဲ အံတင်းကာ​နေမယ်

မျှော်​လင့်​ခြင်း​တွေကိုစ​တေးပစ်​ဖို့က

ခက်​ခဲ​ပေမယ့်​​ပေါ့

သူစိမ်းတစ်​​ယောက်​​လောက်​​တောင်​မှ

အရာမထင်​ရင်​လည်း

ဘာများတတ်​နိုင်​ဦးမှာလည်း

ဘယ်​လိုအ​ကြောင်း​တွေရှိ​နေ​ပေမယ့်​​ပေါ့

အဲဒါ​တွေဟာအပစ်​​တွေဖြစ်​​နေနိုင်​၏

ကိုယ်​ကိုတိုင်​ပါဝင်​ခဲ့မိ​တော့

ခရီးအဆုံးထိ

လျှောက်​ယုံမှတပါးဘာမျာတတ်​နိုင်​မလဲ?

Saturday, February 8, 2014

မ​နေ့ကစလို့

မ​နေ့ကစလို့ ကျွံကျသွားလိုက်​တဲ့စိတ်​​တွေ

ပေါ့ပျက်​လွန်းတဲ့ ဘ၀အရသာကို

ပျက်​ရယ်​ပြုလို့

စိတ်​တစ်​ခုလုံး တိုးလျှို​ပေါက်​ဖွင့်

လွင့်​ချင်​သ​လောက်​လွင့်​စမ်း​ပေါ့

အလာဂျီထလာတဲ့စိတ်​ကို

ဘယ်​ကုထုံးနဲ့အဆင်​​ပြေမလဲ

ခေါင်းပြူ​နေတဲ့ ဒီ​နွေနဲ့အတူ

လက်​ဖက်​ရည်​ခွက်​ထဲက အပြုံးမျက်​နှာက

ငါ့အတွက်​ အား​ဆေး​ပေါ့

မိုက်​ကန်းမှုနဲ့ ​ပေ​တေခြင်းကို

မ​နေ့ကစလို့ ​မြေမြှုပ်​လိုက်​တယ်

Tuesday, January 14, 2014

ညတစ်​ည၏ အမှတ်​♥၁၅

အုံကြွ​နေတဲ့လူ​တွေနဲ့အတူ

မှတ်​တိုင်​​တွေတစ်​ခုပြီးတစ်​ခုဖြတ်​ကာ

လိုရာခရီးကိုအပြင်းနှင်​တယ်

ဆွတ်​ဆွတ်​ဖြူတိမ်​တိုက်​ထက်​မှာ

ဝိုင်​ခွက်​ကိုယ်​စီနဲ့ ညပြာပြာတစ်​ညကို

TV အစီအစဉ်​တစ်​ခုနဲ့ အသက်​သွင်းတယ်

မှုန်​၀ါးဝါးပုံရိပ်​​တွေနဲ့

ငြိမ့်​​ငြိမ့်​​ညောင်း​ညောင်းစီး​မြောတယ်

အချိန်​​တွေက အမြန်​နှုန်းနှစ်​ဆနဲ့ကုန်​ဆုံးလို့

မိုး​သောက်​အ​ရောက်​​စော​စေတယ်

အိပ်​ရာကမထ​သေးတဲ့ မြို့ကြီးကိုကြည့်​ရင်း

ညတစ်​ညကို လွမ်းမိတယ်

မိုးစက်​​တွေဖြန်းပက်​ရင်း

အနံ့အသက်​တစ်​ချို့နဲ့ ​ကြေးမုံထက်​မှာ

မှတ်​ချက်​​တွေ အခါခါ​ရေးလိုက်​တယ်

မုန့်​ပွဲ​တွေက ​အေးစက်​စက်​​ပေမယ့်

ရာဇ၀င်​ကျန်​ခဲ့မှာမို့

အရသာထူးကဲ​နေပြန်​​ရော

တတယ်​​တော့ ဒါဟာအိပ်​မက်​မဟုတ်​ခဲ့ဘူး

တိတိပပရှိ​နေတဲ့

လက်​​ချောင်းထိပ်​ဖျား​တွေက

သက်​​သေ​တွေပဲ

Monday, January 13, 2014

ကျန်​ခဲ့ချိန်

နှင်းမှုန်​ပွင့်​တဖွဲဖွဲကျ​နေသည်

အေးစိမ့်​စိမ့်​ရာသီနဲ့ ငါတစ်​​ယောက်​ထဲ

တစ်​ချိန်​လုံးသတိ​တွေရပြီး

ဝေ့​ဝေ့တက်​လာတဲ့ မျက်​ရည်​​တွေက

အလွမ်းသက်​​သေ​တွေ​ပေါ့

မိုး​တွေ​ဆွေ​နေတယ်​ ဆွတ်​စိုစိုနဲ

ငါတစ်​​ယောက်​ထဲ

ပူပြဲပြဲ​နေ​ရောင်​​အောက်​မှာ

မနားတမ်းသွားလာလို့ ငါတစ်​​ယောက်​ထဲ

ပေါ့စိမ့်​တစ်​ခွက်​ရဲ့အရသာက

ငါ့ကိုမဆွဲ​ဆောင်​နိုင်​​တော့ဘူး

လေဟာနယ်​လိုပါပဲ

ညညတိုင်းမက်​တဲ့ဒီအိပ်​မက်​က

စိတ်​အစွဲ​ကြောင့်​လား

ပြိုပျက်​လုနီးပါးဒီအ​ခြေအ​နေကို

ကုစားလှည့်​ပါ

မွှေးမြမြ နုညံ့မှုက အခုထိလက်​ဆတ်​​နေတယ်

မြင်​မြင်​သမျှတိုင်းက

ငါ့​ရောဂါကိုတိုး​စေတယ်