Wednesday, July 10, 2013

ပျော်​ပွဲစား

ပျော်​ပွဲစားတစ်​ခု ထွက်​ကြသည်

ထို​ပျော်​ပွဲစား၌ သင်​မပါဝင်​ခဲ့သလို

ကျွန်ုပ်​လည်းမပါခဲ့ပါ
      
မည်​သူမျှလည်းမပါဝင်​​ချေ

သို့​သော်​ ​တော်​​တော်​​ပျော်​ရွှင်​ခဲ့ပါ၏။

ကစားနည်း​တွေက များလှသည်

မော​မောပန်းပန်းနဲ့ စား​သောက်​ရင်း

ကခုန်​လို့​နေကြပြန်​ပြီ

ထော်​​လော်​က​န့်​လန့်​ပြောသူက​ပြော

ချိုသာစွာနမ်းသူကနမ်း

ဘီလူးရုပ်​နဲ

မင်းသားအိုက်​တင်​​ပေးသူက​ပေး

အဖြစ်​အပျက်​​တွေကို ထုပ်​ပိုးသူကထုပ်​ပိုး

ပျော်​ပွဲစားအလယ်​မှာ ဖြစ်​ချင်​တာ

အကုန်​ဖြစ်​နိုင်​​နေ​တော့

ဘာမှမသိလိုက်​ခင်​က

ကျွန်ုပ်​ပါ​ပျော်​ဝင်​စီး​မျော​နေသလို

သင်​လည်းစီး​မျော​နေပါသည်

လူးတိုင်းလည်းစီး​မျောလိုက်​ပါ​နေကြသည်​။

Wednesday, June 26, 2013

သတိရခြင်း၏နောက်ကွယ်

လွမ်းဆွတ်စွာ မိုးတွေရွာချလိုက်တယ်
သြချလောက်ပါရဲ့ လွတ်ထွက်နေကြစိတ်တွေ
တရှိုက်မက်မက် နားစွင့်
ဖမ်းဆုပ်မိသလိုလို တိုးတိုးညင်းညင်းတုန်ခါလို့
စူးစူးတောင့်တောင့် ဝေါဟာရကို
ခပ်နက်နက်တူးဆွ
အငွေ့မသေတက်တဲ့ ဒီလွမ်းခြင်း
ဇစ်မြစ်ကို အတိအကျထုဆစ်ရင်
ဆည်းဆာရောင် မပြိုးပြက်နိုင်ခင်က
အဆိပ်အတက်ဆုံး ကာလရှည်ကြီးကြောင့်
နှလုံးသားတစ်ခု နိဋ္ဌိတံလုပြီ~~~~~

Tuesday, May 21, 2013

စိတ်ကူးဋီကာ

စိတ်ကူးဋီကာဖွင့်လို့ ငေါင်စင်းစင်းနဲ့
ဦးနှောက်ကို အလုပ်ပေးထား
အတိတ်ဆီကို ထိထိရှရှစားမြုံ့ပြန်ရင်း
လှပကြွရွနေတဲ့ မြူးကြွကြွသံစဉ်တွေခုန်ထွက်
မဆိုတတ်ဆိုတတ်နဲ့ ငါအော်ဟစ်
ကတုန်ကရင်နဲ့ ခရီးနှင်
အနာဂတ်ချဉ်ခြင်းတွေ တရစပ်တက်ခဲ့
အာရုံကိုစုစည်းလို့ အတိတ်ပြည်ဖုံးကားချ
စိတ်တံခါးတစ်ချို့ ပိတ်ပစ်
ယတိပြတ်ဆုံးဖြတ်မှုကို အလုအယက်တွန်းတင်
ငြိုငြင်ခြင်းက တကဲကဲနဲ့ခြိမ်းခြောက်
တဆက်ဆက်တုန်ရင်း မသိကျိုးကျွန်ပြု
အမှောက်ပယောဂကို တွန်းလှန်ဖျက်ဆီး
မာနသရဖူကိုချွတ် ထိန်းမနိုင်သိမ်းနိုင်ဒူးတွေညွှတ်ကျ
စည်းကျဝါးကျ တစ်ဒုတ်ဒုတ်တုန်ခါမှုကို
ကောက်ကာငင်ကာအဖြေထုတ်လိုက်တယ်....................

Tuesday, May 14, 2013

နိဒါန်းရဲ့နိဂုံး

 ဦးနှောက်ကို ခပ်ပြင်းပြင်းဆုံးမထားတယ်
သဲ့သဲ့ကြားနေတဲ့ ဒီအသံတွေ
မှုန်ဝါးပျက်ပြယ်စ အပိုင်းအစပုံပြင်တစ်ချို့
စိတ်ကိုဖွင့်လို့ ကြေလည်ရာရှာကြည့်တယ်
စပ်ပူစပ်လောင်နိုင်လှတဲ့အဖြစ်တွေက မျိုမကျ
ပန်းစကြာမှန်ပြောင်းနဲ့ ရင်ထဲကိုမြင်အောင်ကြည့်
ရွှန်းလက်လက်နဲ့ ၀ိညာဉ်ချင်းဆက်ထား
ဆူဝေနေတဲ့ နှလုံးသားရဲ့ တရစပ်စိန်ခေါ်မှုကြောင့်
မရေရာအနာဂတ်ရဲ့ ၀ိရောဓိအဖြစ်
အံချော်ခြင်းမရှိ အဟပ်ညီဖို့
နိဒါန်းရဲ့နိဂုံးကို ကာလစိမ်းစိုချင်ပါ၏။

Sunday, March 17, 2013

ဆန္ဒ

ယောင်ချာချာနဲ့ကျော်ဖြတ်ခဲ့တဲ့နေ့တွေ တွေးမနေတော့ဘူး အိပ်ပျော်ဖို့အားထုတ်ရတဲ့ညတွေ နောက်မရှိချင်တော့ဘူး မချောမွေ့တဲ့ ဘ၀ခရီးကိုလည်း ယိုးမယ်မဖွဲ့လိုပါ ရှေးဘ၀ အကျိုးပေးလို့ပဲ ယုံကြည်ထားသည် ကြုံတွေ့ခဲ့တဲ့ ကောင်းခြင်းဆိုးခြင်းတွေ လက်ခံ

Tuesday, March 12, 2013

မချိသွားဖြဲ

ပြုံးနေတဲ့  ကြယ်တာယာတွေ
ငါ့ကိုလှောင်လို့များ နေသလား
ပျော်နေတဲ့ငှက်ငယ်တွေ  ငါ့ကိုများကြည်စားနေသလား
လေပြေတွေက ငါ့ကိုကလိနေတယ်
ငါ့ရင်ထဲက မုန်တိုင်းထန်နေခဲ့တာကြောင့်
မချိသွားဖြဲတုန့်ပြန်နိုင်အောင်
ငါအများကြီးကြိုးစားထားနေရတယ်
အားအင်ချိနဲ့နေတဲ့ ငါ့ရဲ့စိတ်ကို
နင်ကောင်းချီးပေးလှည့်ပါ
အရာရာကို ကျော်ဖြတ်နိုင်ပါတယ်
နင်ငါ့လက်ကို ဆုပ်ကိုင်ထားရင်ပေါ့
ဖေါင်ဖြတ်ပြီး ခရီးနှင်ဖို့
ငါဘာကြောင့် ဆုံးဖြတ်ခဲ့သလဲ



Monday, March 11, 2013

စေရာ

ရူးရူးမူးမူးနဲ့ နင့်ကိုငါချစ်ခဲ့မိတယ်
ဒါကိုနင်သိပါတယ်
မျှော်လင့်မှုတွေ ကင်းမဲ့ခဲ့တယ်ဆိုတာလည်း
နင်သိပါတယ်
စိတ်ထွက်ပေါက်တစ်ခုလောက် ငါရချင်တယ်
ငါ့အချစ်တွေက နင့်အတွက်
အပေါစားတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်
ငါ့အတွက်ကတော့ တစ်ဘ၀လုံးစာစတေးလိုက်တာပါ
ငါ့ရဲ့ပေးဆပ်မှုဟာ နင့်အတွက်တော့
ဟာသတစ်ပုဒ်နဲ့တူချင်တူနေမယ်
ငါ့အတွက်တော့ သေလုမြောပါးဖြစ်နေခဲ့တယ်
ငါ့ရဲ့အလိုက်ကန်းဆိုးမသိတဲ့ ချစ်ခြင်းတွေက
နင့်ကိုခါးသည်းစေတယ်ဆိုရင်
ငါချိုမြိန်မှုကိုရှာဖွေပါ့မယ်-------နင့်ကိုချစ်တဲ့----ငါ----