Sunday, December 3, 2017

ပြီးဆုံးသွားသောNovember


ကိန်းကြီးခန်းကြီးနဲ့ အစပြုခဲ့တဲ့ နိုဝင်ဘာ
တဖြေးဖြေးစိမ့်သွားလိုက်ပုံများ အနက်ရှိုင်းဆုံးအထိတိုင်ပဲ
အရိုးရှင်းဆုံး လှုတ်ခတ်မှုတွေကို
တစ်မျိုးတစ်မည် ကင်မွန်းတပ်ဖို့မကြိုးစားခဲ့သလို
ကွယ်ဝှက်ဖို့လည်း စိတ်ကူးမရှိခဲ့ဘူး
အဖြူရောင်သက်သက် တွယ်ငြိမှုတွေအတွက်
အရောင်မပါတာတော့အသေအချာပဲလေ
ကိုယ်စီရှိနေတဲ့ ကိုယ်ပိုင်နှလုံးသားတွေထက်
ပိုချိုမိန်တဲ့အရာ ဘယ်မှာရှိနိုင်မှာလဲ
ဖြစ်တည်မှု့ကို ကျေနပ်ပေမယ့်
လက်ခံဖို့လည်း မဝံ့မရဲ
တစ်စတစ်စတိုးလာတဲ့ခြေလှမ်းတွေနဲ့
သိုဝှက်မှု့နဲ့ သွေးတိုးစမ်းစကားလုံးများက
ရုပ်ကြွလာလို့
ကစားစရာတစ်ခုအဖြစ်ထုဆစ်ခြင်းကို
အပြင်းအထန် ငြင်းဆန်လိုက်တယ်
ဒီတစ်ခါသိလိုက်တာက 
ရိုးသားမှုနဲ့ယုံကြည့်မှုဆိုတာလူတိုင်းအတွက်မဟုတ်ဘူးဆိုတာပဲ
ထို့အတွက်ကြောင့် နိုဝင်ဘာရဲ့
စ လယ် ဆုံး ဖြစ်တည်မှုတိုင်းကို
အပီးတိုင်ဆွဲထုတ်ပစ်ဖို့ အားအင်အကုန်သုံးလိုက်တယ်

3/12/2017 2:49am


Saturday, January 14, 2017

လောက

အချိန်တစ်ချိန်ကုန်ဆုံးသွားခဲ့ပြီ
နေဝင်ချိန်ရောက်လုပြီ
ခွန်အားရှိသမျှလည်းလျှောက်လှမ်းခဲ့တာပါပဲ
ဘဝအချိုးအကွေ့အတော်များများလည်းကြုံဆုံခဲ့ရဖူးသည်
နောက်ကျောကိုလည်းဓားထိုးခံခဲ့ဖူး၏
ခြေထိုးလည်းခံခဲ့ဖူးသည်
ယုံကြည်မိသူ၏လှည့်စားခြင်းမျိုးလည်းရှိဖူးပါ၏
မျှော်လင်ချက်တွေကိုလည်းမီးရှို့ခံလိုက်ရသည်
ထိုသိုဤသို့သောအေတွ့အကြုံများကြောင့်
ကျန်ရှိနေသေးသောနေ့ရက်များကိုမိမိကိုယ်ကိုသတိကြီးကြီးထား၍နေသွားပါတော့မည်

15/01/2017

Friday, January 13, 2017

13,FRIDAY


ဒီနေ့ ရောက်လုလုလမ်းဆုံးကို
အစကပြန်စဖို့ အားမာန်အပြည့်နဲ့ပေါ့
ဒီနေ့ မျှော်လင့်ချက်တစ်စုံတစ်ရာမရှိပဲ
ခြွေချပစ်လိုက်ကြတယ်
ဒီနေ့ တိမ်ကင်းစင်နေလျက်နဲ့
မိုးကြိုးတွေဆက်တိုက်ပစ်ချလိုက်တယ်
ဒီနေ့ရောင်နီထွန်းသစ်တော့မလိုနဲ့
အမှောင်ထုကကြီးစိုးသွားတယ်
ဒီနေ့ငွှေ့ငွှေ့သာကျန်တော့တဲအသက်ကို
ခပ်ပြင်းပြင်းရှူရှိုက်ရင်း
ပြတင်းတစ်ခါးတစ်ခုမှ လောကကြီးကိုတိတ်တစိတ် ချောင်းကြည့်မိတယ်---------------

13/01/2017(FRI)
   

Saturday, December 13, 2014

,,^-^,,!!!!

မင်းစဉ်းစားနိုင်​လွန်းတာ အဲ​လောက်​ပဲလားတဲ့
အားတယ်​ထင်​တဲ့အချိန်​​တွေမှာလုပ်​စရာ​တွေဗာဟီရ​တွေကများပါသတဲ့
ငါလည်းစဉ်းစားပီ​ပြောပီးမှ​ပြောလိုက်​တာပါ
အော်
တကယ်​ပါပဲ ​တော်​၂ကိုမသိတတ်​တဲ့ငါ​ပေါ့
ငါ့ကိုတုန်းကဘယ်​အချိန်​ဖြစ်​ဖြစ်​ အဆင်​သင့်​ပါ
ဒါကိုငါ​ကျေနပ်​ခဲ့တယ်
ငါလည်းအလုပ်​​တော့လုပ်​ဖူးပါတယ်
မင်းလိုအဆင့်​မြင့်​ကြီး​တော့မဟုတ်​ဘူး​ပေါ့
မင်​ပင်​ပန်းသလို ငါလည်းပင်​ပန်းခဲ့တာပါပဲ
ဒါ​ပေမယ်​ငါ​ကျေနပ်​ပီး​ပျော်​​နေမိတယ်
ငါ့ရင်​ကိုဘာ့လို့မမြင်​ရတာလဲ
ငါဟာနားတစ်​ဖက်​​ဖောက်​ချင်​​ဖောက်​မယ်
အတတ်​နိုင်​ဆုံး​တော့မင်​အတွက်
မင်းရင်​ကိုအရင်​ကြည့်​ခဲ့တာပါ
ငါဘာ​တွေမှားနေတာလဲ
ငါဘာများမှား​နေလို့လဲ
ငါတကယ်​မင်းဖက်​ကို​တွေးခဲ့ပါတယ်
ငါမင်းနဲ့ပက်​သတ်​တာဘာမဆိုအ​လေးထားခဲ့တယ်
တန်​ဖိုးထားခဲ့တယ်
ကျေနပ်​ခဲ့တယ်
မင်းဘာလို့ငါ့ကိုနားမလည်​တာလဲ
မင်းဘာလို့ငါ့ကိုမယုံရတာလဲ
ဒါ​လောက်​​တောင်​ငါက​ပြောလို့မရဘူးလား
အင်းပါ
နောက်​ဆိုမ​ပြော​တော့ဘူး
နေနိုင်​​အောင်​​နေမယ်
နေနိုင်​​အောင်​​နေရမယ်
အဲဒီအခါကြရင်​​တော့​နောက်​တမျိုးမ​ပြောပါနဲ့​တော့
ငါမှာမင်းပြင်​တဲ့ပုံစံ​တွေအမျိုးမျိုး​ပြောင်းခဲ့ရလို့
ငါပုံစံ​တွေ​ပျောက်​ခဲ့ရတာအကြိမ်​ကြိမ်​ပဲ
မင်းကိုချစ်​တယ်
ဒါ​ပေမယ်​ဒီတခါ​တော့ငါပုံစံကိုသာကိုယ်​တိုင်​ထုဆစ်​​တော့မယ်

Thursday, September 25, 2014

ရင်မှ​​မှတ်​စု

တ​နေ့တ​နေ့၏ ​မျှော်​လင့်​ခြင်းရဲ့

ဆတိုးကိန်းကို ပူပင်​ခြင်းကပိုင်​ဆိုင်​တယ်

တွဲလက်​​တွေနဲ့ အခက်​အခဲ​တွေရင်​ဆိုင်​ဖို့

အိပ်​မက်​​တွေမက်​ခဲ့တယ်

နှစ်​နှစ်​ခြိုက်ြိခုက်​အိပ်​ဆက်​ခြင်းကို

အိပ်​မက်​ဆိုး​တွေကလုယူလို့

ယောင်​​ယောင်​​အော်​ခဲ့တဲ့အကြိမ်​​တွေ

ရေတွက်​ဖို့မှက်​ဥာဏ်​ငါ့ကိုငှါး​ပေးနိုင်​မလား

နောင်​တမဟုတ်​​ပေမယ့်

ဝမ်းနည်းခြင်း​တွေ

အ​တော်​များများကိုလက်​ခံလိုက်​ရတယ်

တ​​နေ့ခြင်းစီရဲ့ ခါးသီးမှုကို

တစ်​​ယောက်​တည်းသာ

စားသုံးလို့မျိုချ​နေ​ပေမယ့်

မျှ​ဝေဖို့အပြုံး​တွေကို ငါရှာ​ဖွေ​ရင်း

ွအံကိုတင်းတင်းကြိတ်​လို့

ဆက်​​လျောက်​ဖို့အားတင်း​နေမိတယ်

စိတ်​ဓာတ်​​တွေက 

အောက်​ဆုံးထိဆင်းဆင်းသွားလို့

မကြာမကြာ​ကောက်​ကာတင်​​နေရတယ်

နောက်​ကိုပြန်​လှည့်​ကြည့်​ရင်း

ခရီးမ​ရောက်​​သေးတာမြင်​တိုင်း

ငယ်​မိတဲ့စိတ်​အား​တွေကို

မျှော်​လင့်​တကြီး​စောင့်​​နေကြတယ့်

မျက်​နှာ​တွေကိုမြင်​​ယောင်​လို့

အံ​တွေတင်းရင်း​ပေါ့

ဒီအချိန်​မှာ ဘာ​တွေလိုအပ်​မလဲ

ကြုံဖူးတဲ့လူတိုင်​သိနိုင်​ပါရဲ့

ဒါနဲ့များ​တောင်​ စိတ်​ကုန်​ပါသတဲ့








Sunday, June 15, 2014

15th June 2014 သူရူးတစ်​​ယောက်​​ပေါ့

ဂစ်​တာကိုရင်​မှာပိုက်​ ချစ်​သူကိုတမ်းတရင်း

အကြိုက်​ကိုသိ​စေဖို့ ​တွေ့မိတိုင်းပုံတူကူးမိတယ်

ချစ်​သူသိ​အောင်​​ဖော်​​ဆောင်​​ပေမယ့်

တင်​ပြမှုညံ့ဖျင်းတာ​ကြောင့်

အပြစ်​​တွေဖြစ်​​ပေါ့

လိုချင်​တာရဖို့​ဝေးလို့ ​ဖြေရှင်းချက်​ပင်​မ​ပေးနိုင်​ခဲ့

အလှူ​ပေး​နေတယ်​တဲ့ ချစ်​သူ့ပါးစပ်​ကထွက်​တဲ့စကား ချိုသာပါဘိ

စိတ်​ထဲမ​ကောင်းတာမှ ​လေလွင့်​ခြင်းကမကယိနိုင်​ခဲ့ဘူး

ကျ​နေတဲ့မျက်​ရည်​ကဘယ်​အတွက်​​ကြောင့်​လဲ

ပြောင်းလဲခြင်းကိုမမြင်​နိုင်​တဲ့ချစ်​သူ

မာန​တွေကြီးလာတဲ့ချစ်​သူ

အဖြစ်​အပျက်​​တွေကို ​ဘောလုံး​တွေ​ပေါက်​လို့ အ​ကြွေ​စေ့တစ်​​စေ့နဲ့မှတ်​တန်းတင်​လိုက်​တယ်

အလှူ​ပေး​နေတယ်​တဲ့ ကိုယ့်​ကို​ပြောထွက်​လိုက်​တာ ကိုယ်​အရမ်းရှက်​မိပါတယ်

ကိုယ်​မြင်​မိတာဂီတာ

ကိုယ့်​ရဲ့ယူးသွတ်​မှုကိုမင်းသိ​စေခင်​ယုံသက်​သက်​ပါ

ကိုယ်​ပုံစံကအဲဒီပုံ​ပေါက်​​နေတယ်​​ပေါ့

Sunday, May 25, 2014

သေလို့ရတယ်

တစ်​ညတာအချိန်​ဟာ

နှစ်​ချိုက်​စွာအိပ်​​ပျော်​​နေတဲ့အခါ

ချစ်​သူနဲ့အတူရှိ​နေတဲ့အခါ

အလုပ်​​တွေပုံလို့မပီး​သေးတဲ့အခါ

ချစ်​သူနဲ့ဖုန်း​ပြောတဲ့အခါ

-----အဲသလိုအ​ခြေအ​နေ​တွေမှာ

ခဏလို့ထင်​ရ​ပေမယ့်

အိမ်​မ​ပျော်​တဲ့အခါ

တစ်​​ယောက်​​ယောက်​ကိုတမ်းတ​နေတဲ့အခါ

တစ်​ခုခုကို​စောင့်​​နေတယ့်​အခါ

အရမ်းလွမ်းလို့ချစ်​သူကို​တွေ့ချင်​​နေတဲ့အခါ

ချစ်​သူနဲ့စကား​ပြောချင်​လို့မိုးလင်းဖို့​စောင့်​ရတဲ့အခါ

စတဲ့စတဲ့အ​ခြေအ​နေ​တွေမှာဆို

ညတစ်​ညဆိုတဲ့အချိန်​ဟာ

သေလို့​တောင်​ရတယ်

Friday, May 16, 2014

ငါမှားသွားတယ်

ငါငါ့စိတ်​​တွေကိုမထိန်းနိုင်​ခဲ့ဘူး

ငါအခုကစပီးလူကြီးဆန်​ဆန်​​နေနိုင်​​အောင်​​နေမှဖြစ်​​တော့မယ်

မဟုတ်​ရင်​ ငါပဲစိတ်​ဆင်းရဲရမယ်

Friday, May 2, 2014

-----------

ငါ​နေ့တိုင်းပဲငို​နေရပါပြီ

တ​နေ့တခြားကို​ပြောင်းလဲလာတာပဲ

အခုအချိန်​မှာဒီ​လေသံမျိုးထွက်​နိုင်​​နေပြီပဲ

ငါတကယ်​ကိုဝန်းနည်းမိတယ်

အဲသ​လောက်​​ပြောင်းလဲလာမယ်​လို့မထင်​မိဘူး

မင်းကိုယုံကြည်​လို့လုပ်​ခဲ့တာ​တွေကြီးပါပဲ

တကယ်​ကိုမထင်​မိဘူး

အရမ်းကိုဝမ်းနည်းရတယ်

နင်လုပ်​သမျှကိုငါ မသိသလိုပဲ​နေပါ​တော့မယ်

ငါတို့​တွေကဘာ​တွေလဲဆိုတာနင်​ကိုပြန်​​မေးချင်​တယ်

နင်​​တော်​​တော်​​ပြောင်းလဲသွားပြီ

အဲဒါကို နင်​ကိုယ်​တိုင်​မသိ​သေးရင်​​တောင်​ ​ဘေးကငါသိတယ်

နင်​အရင်​လိုမဟုတ်​​တော့ဘူး

ငါငို​နေတယ်

နေ့တိုင်​လည်းငိုရ​တော့မယ်​ ငါသိလိုက်​ပြီ

ငါအရမ်းလည်း​ကြောက်​တယ်

အရမ်းလည်းဝမ်းနည်းတယ်

အခုအချိန်​မှာငို​ဖို့ပဲတတ်​နိုင်​တယ်

Wednesday, April 30, 2014

ဝမ်းနည်းခြင်း

မထင်​ခဲ့ဘူး ဘယ်​လိုမှကိုမထင်​ခဲ့တာပါ

ချစ်​တဲ့သူနှစ်​​ယောက်​ဆုံ​နေပါလျှက်

ဘာ​ကြောင့်​များလဲကွယ်

ခက်​​တော့လည်းအခက်​သားပါလား

အချစ်​နဲ့ဘ၀ဟာ

ဒီ​လောက်​​တောင်​ပြင်းထန်​ရသတဲ့လား

ငါ​နေ့တိုင်းငို​နေရပါပြီ

ငါ့စိတ်​​တွေ​အောက်​ဆုံး​ရောက်​​နေပြီ

မင်းအတွက်​ငါဘာမှမတတ်​နိုင်​ဘူးလား

ငါအဲဒီအ​ခြေအ​နေ​တွေကိုမုန်းတယ်

ငါဟာနင့်​အတွက်​ဘာမှလုပ်​မ​ပေးနိုင်​ရင်

နင့်​အနားဘာလုပ်​ဖို့မျာရှိ​နေတာလဲ

နင်​​ရောစိတ်​​ကျေနပ်​နိုင်​မှာလား

ဒါ​ပေမယ့်

ငါတို့အဆင်​​ပြေမယ်​ထင်​လို့

ဆုံးဖြတ်​ခဲ့ကြတယ်

ငါ​နောင်​တရ​နေတယ်​လို့မထင်​ပါနဲ့

ငါဝမ်းနည်း​နေတာပါ

ကိုယ်​ချစ်​တဲ့လူတစ်​​ယောက်​ကို

ဘာမှမလုပ်​​ပေးနိုင်​တဲ့အတွက်

ဝမ်းနည်းရတယ်

 သူစိမ်းတစ်​​ယောက်​က​ဖေးမ​နေတာကို

မြင်​ရကြားရတာလည်းအသည်းနာတယ်

ကိုယ့်​ကိုကိုယ်​စိတ်​နာတယ်

အနီးဆုံးနဲ့​ဝေးကွာခြင်း

တစ်​ချိန်​က​မျှော်​လင့်​ချက်​​တွေအားလုံးဟာ

မျှော်​လင့်​ချက်​သက်​သက်​သာဖြစ်​ကုန်​၏

သိပ်​ချစ်​တယ်​ဆိုတဲ့လူ​တွေ အတူတူရှိ​နေပြီး

အ​ဝေးဆုံးကို​ရောက်​​နေတယ်

ဒါ​တွေဟာဖန်​တီးခဲ့ကြတာ​တော့လည်း

မပြန်​ဘူး​ပေါ့

တကယ်​​တော့ ​ကျောခြင်းကပ်​​နေသလိုပါပဲ

နီး​တော့နီးတယ်

တစ်​​ယောက်​ကိုတစ်​​ယောက်​မမြင်​ကြဘူး

ကိုယ်​​ငွေ့ကိုယ်​စီရ​နေတယ်

ထွေး​ပွေ့ခွင့်​မရှိဘူး

တော်​​တော်​ရင်​နာစရာပဲ

အစက​တော့အဲသလိုဖြစ်​လို့ ပြင်​ဆင်​တာတဲ့​လေ

အခုကပိုလို့​တောင်​ရင်​နာရဦးမှာပါလား

တစ်​သက်​လုံး အနီးဆုံးနဲ့​ဝေးကွာရ​တော့မည်

Sunday, April 27, 2014

ပြောင်းလဲခြင်းနှင့်

ပြောင်းလဲခြင်း​တွေစတင်​​နေ​လေသလားပဲ

ဝမ်းနည်း​နေလည်းပဲ အံတင်းကာ​နေမယ်

မျှော်​လင့်​ခြင်း​တွေကိုစ​တေးပစ်​ဖို့က

ခက်​ခဲ​ပေမယ့်​​ပေါ့

သူစိမ်းတစ်​​ယောက်​​လောက်​​တောင်​မှ

အရာမထင်​ရင်​လည်း

ဘာများတတ်​နိုင်​ဦးမှာလည်း

ဘယ်​လိုအ​ကြောင်း​တွေရှိ​နေ​ပေမယ့်​​ပေါ့

အဲဒါ​တွေဟာအပစ်​​တွေဖြစ်​​နေနိုင်​၏

ကိုယ်​ကိုတိုင်​ပါဝင်​ခဲ့မိ​တော့

ခရီးအဆုံးထိ

လျှောက်​ယုံမှတပါးဘာမျာတတ်​နိုင်​မလဲ?

Saturday, February 8, 2014

မ​နေ့ကစလို့

မ​နေ့ကစလို့ ကျွံကျသွားလိုက်​တဲ့စိတ်​​တွေ

ပေါ့ပျက်​လွန်းတဲ့ ဘ၀အရသာကို

ပျက်​ရယ်​ပြုလို့

စိတ်​တစ်​ခုလုံး တိုးလျှို​ပေါက်​ဖွင့်

လွင့်​ချင်​သ​လောက်​လွင့်​စမ်း​ပေါ့

အလာဂျီထလာတဲ့စိတ်​ကို

ဘယ်​ကုထုံးနဲ့အဆင်​​ပြေမလဲ

ခေါင်းပြူ​နေတဲ့ ဒီ​နွေနဲ့အတူ

လက်​ဖက်​ရည်​ခွက်​ထဲက အပြုံးမျက်​နှာက

ငါ့အတွက်​ အား​ဆေး​ပေါ့

မိုက်​ကန်းမှုနဲ့ ​ပေ​တေခြင်းကို

မ​နေ့ကစလို့ ​မြေမြှုပ်​လိုက်​တယ်

Tuesday, January 14, 2014

ညတစ်​ည၏ အမှတ်​♥၁၅

အုံကြွ​နေတဲ့လူ​တွေနဲ့အတူ

မှတ်​တိုင်​​တွေတစ်​ခုပြီးတစ်​ခုဖြတ်​ကာ

လိုရာခရီးကိုအပြင်းနှင်​တယ်

ဆွတ်​ဆွတ်​ဖြူတိမ်​တိုက်​ထက်​မှာ

ဝိုင်​ခွက်​ကိုယ်​စီနဲ့ ညပြာပြာတစ်​ညကို

TV အစီအစဉ်​တစ်​ခုနဲ့ အသက်​သွင်းတယ်

မှုန်​၀ါးဝါးပုံရိပ်​​တွေနဲ့

ငြိမ့်​​ငြိမ့်​​ညောင်း​ညောင်းစီး​မြောတယ်

အချိန်​​တွေက အမြန်​နှုန်းနှစ်​ဆနဲ့ကုန်​ဆုံးလို့

မိုး​သောက်​အ​ရောက်​​စော​စေတယ်

အိပ်​ရာကမထ​သေးတဲ့ မြို့ကြီးကိုကြည့်​ရင်း

ညတစ်​ညကို လွမ်းမိတယ်

မိုးစက်​​တွေဖြန်းပက်​ရင်း

အနံ့အသက်​တစ်​ချို့နဲ့ ​ကြေးမုံထက်​မှာ

မှတ်​ချက်​​တွေ အခါခါ​ရေးလိုက်​တယ်

မုန့်​ပွဲ​တွေက ​အေးစက်​စက်​​ပေမယ့်

ရာဇ၀င်​ကျန်​ခဲ့မှာမို့

အရသာထူးကဲ​နေပြန်​​ရော

တတယ်​​တော့ ဒါဟာအိပ်​မက်​မဟုတ်​ခဲ့ဘူး

တိတိပပရှိ​နေတဲ့

လက်​​ချောင်းထိပ်​ဖျား​တွေက

သက်​​သေ​တွေပဲ

Monday, January 13, 2014

ကျန်​ခဲ့ချိန်

နှင်းမှုန်​ပွင့်​တဖွဲဖွဲကျ​နေသည်

အေးစိမ့်​စိမ့်​ရာသီနဲ့ ငါတစ်​​ယောက်​ထဲ

တစ်​ချိန်​လုံးသတိ​တွေရပြီး

ဝေ့​ဝေ့တက်​လာတဲ့ မျက်​ရည်​​တွေက

အလွမ်းသက်​​သေ​တွေ​ပေါ့

မိုး​တွေ​ဆွေ​နေတယ်​ ဆွတ်​စိုစိုနဲ

ငါတစ်​​ယောက်​ထဲ

ပူပြဲပြဲ​နေ​ရောင်​​အောက်​မှာ

မနားတမ်းသွားလာလို့ ငါတစ်​​ယောက်​ထဲ

ပေါ့စိမ့်​တစ်​ခွက်​ရဲ့အရသာက

ငါ့ကိုမဆွဲ​ဆောင်​နိုင်​​တော့ဘူး

လေဟာနယ်​လိုပါပဲ

ညညတိုင်းမက်​တဲ့ဒီအိပ်​မက်​က

စိတ်​အစွဲ​ကြောင့်​လား

ပြိုပျက်​လုနီးပါးဒီအ​ခြေအ​နေကို

ကုစားလှည့်​ပါ

မွှေးမြမြ နုညံ့မှုက အခုထိလက်​ဆတ်​​နေတယ်

မြင်​မြင်​သမျှတိုင်းက

ငါ့​ရောဂါကိုတိုး​စေတယ်



Tuesday, December 3, 2013

အချစ်​ကြယ်​စင်

ဆယ်​စုနှစ်​တစ်​ခုဝန်းကျင်​က​စလို့​ပေါ့

ငါ့ရင်​ထဲမှာ

ကြယ်​စင်​တစ်​လုံး

ပေါက်​ဖွားလာခဲ့တယ်

သူ့ကို အချစ်​ကြယ်​စင်​လို့

နာမည်​​ပေးထားတယ်

အဲဒီကြယ်​​စင်​လေးကို

ငါကိုယ်​တိုင်​အသက်​သွင်းခဲ့တယ်

ငါကိုယ်​တိုင်​ပဲ အ​ရောင်​တင်​ခဲ့တယ်

ငါကိုယ်​တိုင်​ပဲ ထွန်းလင်းစေခဲ့တယ်

အဲဒီကြယ်​​စင်​လေးအတွက်

ပင်​ပန်းခဲ့တယ်

ပျော်​ရွှင်​ခဲ့တယ်

အားတက်​ခဲ့တယ်

စိတ်​ဓာတ်​​တွေကျခဲ့တယ်

ပြောမပြတတ်​တဲ့ခံစားမှု​တွေရခဲ့တယ်

နာကျင်​ခဲ့ရတာ​တွေအကြိမ်​ကြိမ်​​ပေါ့

အဲဒီကြယ်​​စင်​လေးဟာ

ငါ့ရဲ့အနီးဆုံးမှာရှိလိုက်

အ​ဝေးကြီးကို​ရောက်​သွားလိုက်​နဲ့​ပေါ့

ငါ့ရဲ့​နေ့ရက်​​တွေဟာ သူဘ၀ဖြစ်​ခဲ့သလို

ငါ့ဘ၀တစ်​ခုလုံးနီးပါးကလည်း

သူ့ရဲ့​နေ့ရက်​​တွေဖြစ်​ကုန်​တယ်

ပူပြဲပြဲ​နေ​ရောင်​​တွေ​အောက်​​ရော

စိုရွှဲ​ရွှဲမိုး​ရေ​တွေ​အောက်​မှာ​ရော

အေးမြမြနှင်း​တောထဲမှာပါ

သူနဲ့အတူ​ဖြတ်​သန်းခဲ့ကြတယ်

သူဟာငါ့ရဲ့ဖန်​ဆင်းရှင်​လည်းဖြစ်​တယ်

ငါ့ရဲ့စစ်​ဦးစီးချုပ်​လည်းဖြစ်​တယ်

တစ်​ခါခါကြ​တော့ 

ကြောင်​ငယ်​​လေးတစ်​​ကောင်​ဖြစ်​သွားတယ်

တစ်​ခါခါကြ​တော့ ငါ့ကိုမာန်​ဖီတယ်

တစ်​ခါခါကြ​တော့

ငါ့ကိုပွတ်​သီးသက်ရှိပြန်​တယ်

သူဟာပန်းသီးတစ်​လုံးလည်းဖြစ်​ပြန်​တယ်

သူဟာသကြားလုံးလိုချိုပြီး 

ဆေးခါးကြီး​လောက်​လည်းခါးပြန်​တယ်

နွေ​ထွေးမှု​တွေ​ရှိ​ပေမယ့်

အေးစက်​မာကျောမှု​တွေလည်းရှိခဲ့တယ်

ဘယ်​လိုအ​ခြေအ​နေ

ဘယ်​လိုအချိန်​အခါပဲဖြစ်​ဖြစ်

သူဟာ ငါ​၏

ကြယ်​စင်​တစ်​စင်းသာလျှင်​ဖြစ်​၏

သူလင်းလက်​​နေသည်​ဖြစ်​​စေ 

မှေးမှိန်​​နေသည်​ဖြစ်​​စေ

ငါ၏ ကြယ်​စင်​တစ်​လုံးသာလျှင်​ဖြစ်၏

Thursday, November 28, 2013

မုန်​တိုင်းပြီး​နောက်​...

မိုးကြိုးမုန်​တိုင်း​တွေလာပြီး 

နောက်​တစ်​​နေ့မှာ

သက်​သက်​လွတ်​​ခေါက်​ဆွဲတစ်​ပွဲ အပီဆွဲပြီး

မ​ကျေလည်​မှု​တွေ အ​ကျေအလည်​ရှင်းလို့

အချစ်​၀ိုင်​ကို​သောက်​လို့ အစီအစဉ်​​တွေချ

မြို့ထဲကိုထွက်​ခဲ့တယ်

စတိုးဆိုင်​တစ်​ဆိုင်​က 

ခေါင်း​လျှော်​ရည် တစ်​ဘူး

မျက်​နှာသစ်​ တစ်​ဘူး

လက်​သည်းညှပ်​ဘာညာပါတာ တစ်​စုံ

မျက်​နှာသုတ်​တဘက်​ တစ်​ထည်

ပရုပ်​လုံး တစ်​ထုပ်

ဈေးထဲကိုတစ်​ပတ်​ပတ်​တယ်

 ဟို​ငေးဒီ​ငေးလုပ်​ပြီးပြန်​ထွက်​လို့

နောက်​တစ်​​နေရာကို ချီတက်​တယ်

ဂျင်း​ဘောင်​ဘီတစ်​ထည်​ရခဲ့တယ်

GIO မှာ

ဘောင်းဘီရှည်​ တစ်​ထည်

sport shirt နှစ်​ထည်

လက်​​ဆောင်​မက်​ပြီး ပိုက်​ဆံအိတ်​ နှစ်​လုံး

အပို​ဆောင်းလိုက်​တာ အိမ်​ကို​ပြေးလို့

သော့တစ်​လုံးရိုက်​ဖျက်​လိုက်​ရတယ်

အ​သေး​လေးလည်းလို​နေတာ​ကြောင့်

ရှစ်​ခုယူလိုက်​တယ်

ဗိုက်​ဖြည့်​ဖို့ မုန့်​ဟင်းခါးဆိုင်​ကိုဒိုး

စောင့်​လိုက်​ရတာမှ အကြာကြီး

အိမ်​ပြန်​​ရောက်​လို့ အပျင်းထူပြီး

ခွင့်​တိုင်​တစ်​​ကျော့ထွက်​ကြတယ်

အထုပ်​ကိုယ်စီ​နဲ့လမ်းခွဲ

အ​ဆောင်​မှာ​စောင့်​ပါ  ပြန်​လာမယ်

ည​ဈေးတန်းက ​ပေါက်​စီ တစ်​ပွဲ

ကြက်​​ခြေသုတ်​ ​လေး​ချောင်း

ဆေးကြက်​ဥ သုံးလုံး

ဆေးငုံးဥ ၂၀၀ဖိုး ပဲနို့ တစ်​ခွက်

အပီးသတ်​အဖြစ်​ ၀မ်းတီး ၀မ်းချာ

ဆက်​ပြီးအပျင်းထူလို့

သက်​ပျင်း​တွေအခါခါချ

အလွမ်းမိုး​တွေရွာချလိုက်​ပါသတည်းးး

Tuesday, November 19, 2013

္ပ့​တ​နေ့က???

အ​တွေးတိမ်​တိုက်​​တွေကို စီး​​မျောရင်း

စိတ်​မကပ်​တဲ့ကိုယ်​နဲ့ သွားလာလှုပ်​ရှားရင်း

ပြသနာ​တွေအကြီးကြီးဖြစ်​ကုန်​တယ်

အများနည်းတူပါပဲတဲ့

ဒီလိုသ​ဘောထား​တော့လည်း

ဒီလိုပဲမှတ်​လိုက်​ရ​အောင်

ကိုယ်​၀မ်းနာကိုယ်​သာသိသမို့

ဘာအထွန့်​မတတ်​​လို​တော့ဘူး

ရှင်​သန်​ခြင်းဆိုတာ မလွယ်​ကူလှ​ပေမယ့်

အပြီးတိုင်​ပျေက်​ကွယ်​သွားချင်​တယ်

ဆန္ဒ​​တွေ လိုအပ်​ချက်​​​တွေကို

မြောင်းထဲပစ်​ချလိုက်​ပီး ဗလာသက်​သက်​နဲ့

ရှေ့ဆက်​ကြမယ်​ဆိုရင်​ နာကျင်​မှု​တွေက

ဘယ်​လိုအကင်း​သေမှာလဲ

မြို့ပြရဲ့​နေ့ရက်​​တွေက မသာယာလှဘူး

ဆည်းဆာည​နေလည်း မှုန်​ကုတ်​ကုတ်​နဲ့

လေ​နေတဲ့စိတ်​ကို အား​ပေးအား​မြှောက်​လို့

နောက်​ဆုတ်​ဖို့​တော့လည်း 

ခြေ​အစုံကခွင့်​မပြုခဲ့ဘူး

လူသူ​လေးပါကင်းတဲ့

အသံဗလံ​တွေနဲ့​ဝေးရာမှာ

ခဏဖြစ်​ဖြစ်​​နေချင်​တယ်

Monday, November 4, 2013

စိတ်တွေ့တဲ့တစ်ညနေ

မှော်​၀င်​​နေတဲ့ တစ်​ည​နေခင်းက​ပေါ့

လေ​​ပြေစီး​ကြောင်းအတိုင်း

စီး​မြောလိုက်​ပါလာတဲ့

ဝိညာဉ်​​​တွေကခုန်​ကြပြီ

တိတ်​တဆိတ်​ကျင်းပတဲ့

ဇာတ်​၀င်​ခန်းတစ်​ခုကခမ်းနားလှပါဘိ

ဘ၀င်​​တွေ့လှတဲ့ ချစ်​ခြင်းရဲ့

အဆုံးဆိုတာမရှိစေဖို့

ကြယ်​​ကြွေတဲ့ညတွေတိုင်းလည်း

တောင်းဆုတွေ ပြုခဲ့ဖူး၏

ဘုရားတက်တိုင်းလည်း

ဆုတွေတောင်းမိနေသည်

တခါခါတော့

အလွမ်းသီချင်းတွေကိုကြိုက်မိ၏

ခပ်မှိန်မှိန် မျက်​၀န်းညိုညိုတစ်စုံမှာ

ထိန်းသိမ်းလို့မရတဲ့ ခံစားမှုတွေ

ဖတ်တတ်စေလိုသည်